Chapter 15

702 63 0
                                    

Unicode

ငါ့ခြေထောက်တွေက စီးကရက်မီးလောင်ထားတဲ့ အမာရွတ်တွေအကုန်လုံးက သွမ့်ကျင်ကျန်းကြောင့်ဖြစ်လာတာတော့မဟုတ်ဘူး။အဲ့အချိန်တုန်းက ငါ့ကောက လူဆိုးလုပ်ချင်နေတဲ့အသက်အရွယ်မှာ ငါကတော့လေးနှစ်ပဲရှိသေးတယ်အဲ့ဒါက သဘောကျဖို့ကောင်းတဲ့အရွယ်တော့မဟုတ်ဘူး။ငါတို့နှစ် ယောက်ကြားမှာသွေးဆူလွယ်တဲ့ကိစ္စလေးတွေကမကြာခဏဖြစ်တတ်တယ်။

ငါက ငါ့မိဘတွေနဲ့အိပ်နေတဲ့အချိန်မှာငါ့ကောကတော့ ကိုယ်ပိုင်အိပ်ခန်းလေးရှိနေပြီ။ငယ်ငယ်လေးထဲကငါကသူ့အခန်းထဲမှာရှိတာတွေကိုစိတ်ဝင်စားခဲ့တယ်။ငါသူ့အခန်းထဲမှာရှိတဲ့ပစ္စည်းသေးသေးလေးတွေကအစငါထိကြည့်ချင်တယ်ဒါပေမယ့်သူကတော့ ငါ့ကိုထိခွင့်မပေးပဲ သူ့အခန်းထဲက အံဆွဲတွေ ဗီဒိုတွေကိုပိတ်ထားလေ့ရှိတယ်။ငါသူ့အခန်းထဲကိုခြေချလိုက်တာနဲ့ ထွက်သွားဖို့ သူကအော်တော့တာပဲ

သေချာတာပေါ့ ငါကလည်းသူ့စကားကိုနားမထောင်ပါဘူး။သူ သူနဲ့ရွယ်တူတွေနဲ့သွားဆော့တဲ့အချိန် ကိုအခွင့်ကောင်းယူပြီးသူ့အခန်းထဲကိုခိုးဝင်ခဲ့တယ်။သူ့ပစ္စည်းတွေကိုယူဆော့ပြီးသူ့စားပွဲကိုဖွပစ်တော့တာပဲ

သူ့အိမ်စာစာရွက်တွေက စားပွဲပေါ်မှာ ရှိနေတုန်းပဲ။ ငါ့ကောရဲ့ အရေးအသားက အရမ်းကြည့်ကောင်းတယ်ဒါပေမယ့်လည်းငါကတော့စာလုံးအနည်းငယ်လောက်ပဲသိတာ။သူ့စားပွဲပေါ်မှာ ရုပ်ပြစာအုပ်အထပ်လိုက်ကြီးလဲရှိသေးတယ်။ငါခြေဖျားထောက်ပြီးတော့ စာအုပ်တစ်အုပ်ယူပြီးလှန်ကြည့်လိုက်တယ်။ဖြစ်ချင်တော့ အဲ့နားမှာဘောပင်တစ်ချောင်းရှိနေတာနဲ့ ငါယူပြီးတော့စာအုပ်ထဲမှာရေးလိုက်တယ်။ငါ့စာလုံးကိုကရွဲ့စောင်းနေရော။ငါ့ကောလိုမျိုးလှအောင်ဘယ်လိုရေးရမလဲဆိုတာငါမသိဘူး

သူရုတ်တရက် ပြန်လာတဲ့အထိငါ သူ့အခန်းထဲမှာ အကြာကြီးနေခဲ့တယ်။ သူကငါ့ကို သတိတောင်မပေးပဲ အကျယ်ကြီးအော်ဟစ်ပြီးငါ့ကို ကုလားထိုင်ပေါ်ကနေ ဆွဲချပြီး အခန်းထဲကနေ ဆွဲထုတ်ပစ်ခဲ့တယ်။

အရှုံးအနေနဲ့ ငါကကြမ်းပြင်ပေါ်မှာအော်ငိုနေချိန်ငါ့ကောကတော့ ငါဖျက်စီးလိုက်တဲ့ ရုပ်ပြစာအုပ်ကို ဒေါသတကြီးနဲ့အံ့ကြိတ်ပြီးကိုင်ထားခဲ့တယ်။ငါ့မိဘတွေက ငါ့ငိုသံနဲ့စိတ်ရှုပ်လာကြတော့တယ်။အဲ့ဒါနဲ့ပဲသူတို့က ငါ့ကောကိုဆူတော့တာပဲ။

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now