Chapter 32

493 49 0
                                    

Unicode

ညလယ် 12:45 နာရီလောက်မှာ ငါစားပွဲပေါ်မှာအိပ်ပျော်နေရင်းကနေနိုးလာခဲ့တယ် စာမေးပွဲမေးခွန်းစာရွက် က ငါ့မျက်နှာမှာကပ်လျက်ပေါ့

ငါအိမ်ပြန်ရောက်ထဲက ဒီ အထွေထွေသိပ္ပံ multiple choice မေးခွန်းတွေကိုလုပ်နေတာမပြီးနိုင်သေးဘူး ဒီအမှုန်အမွှားတွေက ဘယ်လိုအရှိန်နဲ့တိုးလာသလဲ၊ ဓာတုဒြပ်ပေါင်းတွေကို ဘယ်လိုနုတ်လဲ၊ ဒီမှာ A ကြီးနဲ့ B အသေးတွေကဘယ်လိုမျိုးဖြစ်လာတာလဲ၊ ဒီရောဂါတွေက ဘယ်လိုမျိုးဆက်ခံလာသလဲဆိုတာတွေ ငါတစ်ခုမှနားမလည်ဘူး။ အဲဒါကို ပြောရရင်တော့ ငါ့ ကော ကို သဘောကျတာက မျိုးရိုးဗီဇ ပြောင်းလဲမှုနဲ့ သက်ဆိုင်လားလို့တောင်တွေးမိသွားတယ်။ငါအဲ့ဒါကိုခဏလောက်တွေးကြည့်လိုက်တယ်

ငါ့ကောက ငါ့ရဲ့ညာဖက်မှာရှိနေခဲ့ပြီးတော့ ဒေါသတကြီးစာရိုက်နေခဲ့တယ်။သူ့ရဲ့ဘယ်ဖက်လက်မှားစည်းထားတဲ့ပတ်တီးကလှုပ်ရှားလို့လွယ်ပုံတော့မရှိဘူးဒါပေမယ့် အဲ့ဒါက သူ့စွမ်းဆောင်ရည်ကိုတော့မထိခိုက်စေပါဘူး။သူ့ရဲ့ကော်ဖီကအေးသွားပြီဆိုတာကိုငါတွေ့လိုက်တယ် အဲ့ဒါကြောင့်မလို့ ငါသူ့အတွက်နောက်တစ်ခွက်သွားယူပေးဖို့လုပ်လိုက်တယ်

ငါ့ကောက ရုတ်တရက် သူ့ရဲ့ထိုင်ခုံနောက်ကိုမှီရင်း သူ့ပုခုံးကို နှိပ်လျက် သက်ပြင်းရှည်ကြီးချလာခဲ့တယ်။သူက ငါ့ကိုသူ့ဘေးနားမှာမြင်သွားတော့အံဩသွားလေရဲ့ 

"မင်းဘယ်လိုဖြစ်လို့မအိပ်သေးတာလဲ?"

အလုပ်လုပ်တဲ့အချိန်သူ့ရဲ့အာရုံစူးစိုက်မူအတိမ်အနက်က ငါနားမလည်နိုင်အောင်ပဲ

ငါ့ကောက မျက်လုံးထောင့်ကနေ စားပွဲပေါ်ကအထွေထွေသိပ္ပံမေးခွန်းစာရွက်တွေကိုတွေ့လိုက်လေတယ်။သူက "အိုက်ယား"လို့အသံပြုလိုက်ရင်းအဲ့တာကိုကိုင်ပြီးလှန်ကြည့်လိုက်တယ်။

"ဘုရားရေ မင်းက စာလုပ်နေတယ်?မင်းနဲ့မတူလိုက်တာ....မင်းတကယ်ကြီးမင်းကောကို လုပ်ချင်လို့ ထိပ်ဆုံး 50 အတွင်းဝင်အောင်လုပ်နေတာလား?ရည်ရွယ်ချက်ကြီးမားလိုက်တာ"

သူငါ့ကိုဒီလိုလှောင်ပြောင်တာကို ငါမုန်းတယ်။ငါက ငါ့ကောလောက်မတော်ဘူးဆိုတာကိုတော့ဝန်ခံပါတယ်။ငါ့အမေငါတို့နှစ်ယောက်ကိုမွေးတုန်းက သူမက ဉီးနှောက်အကုန် သူ့ကိုပေးလိုက်တာကိုး။ငါ့အလှည့်လဲရောက်ရော ဉီးနှောက်ကအလုံအလောက်မရှိတော့လို့ အနှစ်တချို့နဲ့ရောနှောပြီးဉီးနှောက်တစ်ခြမ်းလုပ်ပေးလိုက်ရတာလေ။ငါစာလုပ်ရတာကိုမုန်းတယ်။ငါဒီမေးခွန်းတွေကိုဘယ်လိုလုပ်ရမလဲဆိုတာတောင်မသိဘူး။စာသင်ချိန်ပြီးသွားတဲ့အချိန်မှာတော့ ဗဟုသုတတွေက အသုံးမဝင်နေတော့ဘူး

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now