Chapter 24

850 55 2
                                    

Unicode

ဒီကြီးမားတဲ့ ညှင်းပန်းနှိပ်စက်မူကြီးပြီးသွားတဲ့နောက်မှာတော့ တကယ်လို့သာ ငါ့မှာအတွင်းသတင်းတွေရှိခဲ့ရင် ငါသေချာပေါက်ကို အဖွဲ့အစည်းကိုသစ္စာဖောက်ပြီး အကုန်လုံးကိုဝန်ခံပြီးနေလောက်ပြီပဲ။ငါ့စိတ်တွေက အနှစ်တွေနဲ့ပြည့်နေသလိုခံစားလိုက် ရတယ်။ငါကဒီလိုညစ်ပတ်တဲ့သားရဲကောင်ရဲ့ သွေးရင်းညီဖြစ်နေတာကို သံသယမဝင်ပဲမနေနိုင်ခဲ့ဘူး။ငါမဟုတ်ရင်ကောင်းမှာပဲ

ညခင်းတဝက်လောက်ရောက်တော့ ငါရေအရမ်းဆာပြီးနိုးလာခဲ့တယ်။ငါ ငါ့ကောကို ရေတစ်ခွက် လောက်ငှဲ့ပေးဖို့ခေါ်လိုက်တယ် ဒါပေမယ့် ငါ့လည်ချောင်းက အသံတစ်သံတောင် မထွက်နိုင်ဘူး။ပြီးတော့ ငါသူ့ကိုတွန်းဖို့လက်မြှောက်လိုက်ချိန်မှာတောင် ငါ့လက်မောင်းက ကိုက်ခဲနေတာများ  လက်မြှောက်ဖို့အားနည်းနည်းတောင်မရှိနေဘူး

ငါ သူ့ဘေးကို ခပ်ဖွဖွပုတ်လိုက်ပြီး အသံအက်အက်နဲ့ပဲ ရေနည်းနည်းလောက်ထည့်ပေးဖို့ပြောလိုက်တယ်။

ငါ့ကော ကအအိပ်ဆတ်တယ်။သူကချက်ချင်းပဲလန့်နိုးသွားပြီး ငါ့ကို သူ့လက်မောင်းကြားထဲကိုဆွဲသွင်းခဲ့တယ်။သူကယဉ်ကျေးတဲ့အပြုအမူနဲ့ ငါ့ခြေထောက်ကိုစောင်ထဲပြန်ထည့်ပေးလေတယ်။အဲ့နောက်မှာတော့ သူက တိတ်တဆိတ်နဲ့ ငါ့ကျောကိုပွတ် ပေးနေခဲ့တယ်။သူ့ပါးစပ်ကနေလဲချော့မော့တဲ့စကားတွေကထွက်နေခဲ့ရင်း အိပ်ရာခေါင်းရင်းမှာ ရှိတဲ့ ရေဘူးကိုယူပြီး ငါ့ပါးစပ်စီတေ့ပေးခဲ့လေရဲ့။

ကလေးမလေးကို နှစ်သိမ့်ပေးနေသလိုမျိုး နူးညံ့သိမ်မွေ့တဲ့ လေသံမျိုးနဲ့ သူပြောတာကို ကြားဖို့ဆိုတာကြုံတောင့်ကြုံခဲပဲ။ တကယ့်လက်တွေ့မှာ ငါကအားမနည်းသလို ငယ်လဲမငယ်တော့ဘူး ဒါပေမယ့် ကြည့်ရတာ သူ့လေသံကမကြာခဏအဲ့လိုပြုမူဖူးတဲ့ပုံလိုပဲ။သူ့ရဲ့အရင်ချစ်သူတွေကအရမ်းကျိုးကြောင်းဆီလျောမူမရှိတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်။အရူးလိုမျိုးသူ့ကိုတွယ်ကပ်နေပြီးတော့ သူတို့ကို ဖက်ပေးဖို့တောင်းဆိုနေတာမျိုးပေါ့။သူကအဲ့ဒါကိုအစထဲကအသားကျနေလောက်ပြီ။အဲ့ဒါက ရှီးချန် လဲဖြစ်ကောင်းဖြစ်နိုင်တယ် နူးညံ့ပြီး အားနည်းတဲ့အလှလေးလေ သူငိုရင် လူတွေကသူ့ကိုနူးနူးညံ့ညံ့ဆက်ဆံချင်လာလိမ့်မယ်။ငါအဲ့ဒါကိုတွေးမိတော့ ငါ့စိတ်ထဲနည်းနည်းတော့ လစ်ဟာသွားရတယ်

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now