Chapter 26

660 47 2
                                    

Unicode

ငါ ဒုတိယကန်တင်းမှာရှိတဲ့ ဆိုင်လေးစီသွားလိုက်ပြီး ဖက်ထုပ်နှစ်ဘူး၊ရေခဲချောင်း၊ချိုချဉ်ချောင်းရှည်၊အစပ်ချောင်းတစ်ထုပ်အသီးစီးဝယ်လိုက်ပြီးတော့ အဲ့ဒါတွေအကုန်လုံးကို ငါ့ရဲ့ဖောင်းပွနေတဲ့ ယူနီဖောင်းထဲကိုထည့်လိုက်တယ်။ငါစာသင်နှစ်ခေါင်းဆောင်နဲ့ ဒါရိုက်တာကိုရှောင်လိုက်ပြီးတော့အတန်းကိုပြန်သွားလိုက်တယ် ပြီးတော့ သူတို့ရဲ့ စားပွဲခုံအောက်တွေမှာ မုန့်တွေကိုထည့်ထားပေးခဲ့လိုက်တယ် အဲ့နောက်တော့ ငါ့အိတ်ကိုယူပြီးထွက်လာခဲ့တော့တာပဲ

ငါ နာရီဝက်လောက်လမ်းပတ်လျှောက်နေလိုက်တယ်။ငါဘယ်ကိုသွားရမလဲလဲစဉ်းစားလို့မရဘူး အဲ့ဒါနဲ့ပဲ ငါ အင်တာနက်ကဖေးသွားပြီးတော့ ကွန်ပျူတာငှားလိုက်တယ်။ငါငြီးငွေ့နေပြီဖြစ်တဲ့ စခရင်အပြည့်ဂိမ်းတွေကို မျက်နှာချင်းဆိုင်လိုက်တယ်။ငါအတွေးတွေပြန့်လွင့်နေခဲ့တယ်။ငါအင်တာနက်ကဖေးကိုမကြာခဏသွားတတ်တယ် ဒါပေမယ့် ငါအင်တာနက်သုံးရတာကိုစွဲလမ်းနေတာတော့မဟုတ်ဘူး။ဂိမ်းဆော့တာနဲ့အိပ်တာက ငါမရင်ဆိုင်ချင်တဲ့ကိစ္စတွေကိုခဏတဖြုတ်ရှောင်လွှဲလို့ရတယ်လေ။စီးကရက်အနံ့နဲ့ အသင့်စားခေါက်ဆွဲပြုတ်အနံ့နဲ့ရောနေတဲ့အနံ့က မကောင်းတဲ့ အနံ့အသက်ကိုဖြစ်ပေါ်လာစေတယ်။အဲ့ဒါကရက်လွန်နေတဲ့ဒိန်ချဉ်ကိုနံ့စော်နေတဲ့တို့ဖူးနဲ့ဝက်သားကို ရောချက်ထားတဲ့အနံ့လိုပဲ ငါ့အစာအိမ်ကို မသက်မသာဖြစ်စေတယ်

ငါ ထိုင်ခုံမှာ လှည့်ပတ်ပြီး လူသားဆန်မူကိုတစ်ချက်ကြည့်လိုက်တယ်။ငါ့ရဲ့ဆန့်ကျင့်ဘက်မှာ ဆေးလိပ်သောက်နေတဲ့ အသက်ပိုကြီးတဲ့လူတစ်ယောက်ရှိနေတယ်။သူက ပြောင်လတ်နေတဲ့ ကီးဘုတ်ကနေသူ့လက်ကိုရွှေ့လိုက်ပြီးတော့ သူ့တံတွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ စီးကရက်ဖင်ဆီကိုကိုင်ကာ သူ့ပါးစပ်ထဲထည့်ပြီးရင်ထည့်ရင်းသောက်နေခဲ့လေတယ် သူ့မုတ်ဆိတ်မွှေးတွေကညီတောင်မညီနေဘူး။ငါနဲ့တော်တော်ဝေးတဲ့ခုံမှာတော့ ငါနဲ့ဂိမ်းအတူဆော့ဖူးတဲ့ကျောင်းလူဆိုးတွေထိုင်နေလေတယ်။သူတို့ရဲ့လက်မောင်းတွေ ခြေမျက်စိတွေကဈေးပေါတဲ့တက်တူးတွေနဲ့ဖုံးအုပ်လျက်ရှိနေပြီးတော့ PUBG ကို အာရုံစိုက်လျက်ကစားနေကြလေတယ်

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now