Unicode
ငါ ငါ့ကောရဲ့အခန်းထဲကို ပြတင်းပေါက်ကနေတွားသွားဝင်လိုက်ချင်တယ်။အဲ့လိုဆိုငါသူ့အနောက်မှာအိပ်လို့ရပြီလေ။သူအိပ်ပျော်သွားတဲ့အချိန်ရောက်ရင် ငါသူ့နှုတ်ခမ်းကိုတိတ်တိတ်လေးခိုးနမ်းလို့ရတယ်။သူလန့်နိုးသွားပြီးတော့ ငါ့ကိုရိုက်တာလဲဖြစ်နိုင်တယ် ပြီးတော့ အနားမှာရှိတဲ့ပစ္စည်းနဲ့ပစ်ပေါက်တာလဲဖြစ်နိုင်တယ် ဘာလို့ဆို သူကအခု အရမ်းဒေါသထွက်နေတာကိုး။တကယ်လို့ငါ့ကိုရိုက်နှက်တာက သူ့စိတ်ပြေသွားစေမယ်ဆိုရင် ငါသူ့ကိုရိုက်ခွင့်ပေးလိုက်မယ်။ပြောရမယ်ဆိုရင် စိတ်ဆိုးနေတဲ့ကောင်မလေးစိတ်ပြောင်းသွားအောင်နမ်းရပြီးချော့ရမှာက ယောကျ်ားတစ်ယောက်ရဲ့တာဝန်ပဲလေ။ဒါပေမယ့် ဒီထပ်က အရမ်းမြင့်တယ်။ ငါသူ့အခန်းထဲကိုတွားသွားဝင်လို့မရပေမယ့်လည်း ငါသူ့အခန်းထဲကအနွေးဓာတ်လေးကိုတမ်းတမိတယ်။ငါ ငါ့ကောပြောတာကိုမှတ်မိပါသေးတယ် ငါသာဆက်ပြီး နာခံမူမရှိရင် ငါ့ကိုလှောင်အိမ်ထဲထည့်ထားမယ်ဆိုတာကိုလေ။သေချာသလောက်ပဲ သူကသူ့စကားကိုတည်ခဲ့ပါတယ်။ငါ့ကောကငါ့ကို သူ့အခန်းရှေ့မှာအကျဉ်းချထားခဲ့တယ်။ငါ့ခြေထောက်အောက်မှာရှိတဲ့ကမ္ဘာကြီးက အကျဉ်းထောင်ပေါ့
ငါအိပ်လို့မပျော်သလို အိပ်လဲမအိပ်ရဲဘူး။ငါ မီးဖိုချောင်ကိုသွားပြီးတော့ ငါ့ကောအတွက် မနက်စာဆန်ပြုတ်လုပ်ပေးချင်တယ်။ငါ ကိုယ်လုံးပေါ်မှန်ရှေ့ဖြတ်သွားတော့ ငါ့ရဲ့ သနားစရာပုံစံကိုမြင်လိုက်ရတယ်။ငါ့မျက်နှာဘယ်ဖက်အခြမ်းကနီပြီးယောင်ကိုင်းနေခဲ့တယ်။ပြီးတော့ ငါ့ရဲ့နှုတ်ခမ်းထောင့်ကဒဏ်ရာက သွေးကခြောက်သွေ့လျက်ရှိနေခဲ့တယ်။ငါရုတ်တရက် ငါ့ကောဆီက အရိုက်ခံထားရတာကိုသတိရသွားတယ် ပြီးတော့ ငါ့ခန္ဓာကိုယ်ကစပြီးနာကျင်လာတော့တာပဲ
ငါ့ရဲ့ အချိန်အကန့်အသတ်နဲ့နွေရာသီအချစ်ဇာတ်လမ်းကပြီးဆုံးသွားခဲ့ပြီ။အနာဂတ်မှာ ငါလုပ်နိုင်တာဆိုလို့ ငါ့ကောကလှပတဲ့မိန်းကလေးကိုလက်ထပ်ပြီးချစ်ဖို့ကောင်းတဲ့ ကလေးလေးကိုသူ့ရင်ခွင်ထဲချီထားတာကိုကြည့်နေယုံပဲတတ်နိုင်တာလဲဖြစ်ကောင်းဖြစ်နိုင်တယ်။ပြီးတော့ သူ့ရဲ့တိတိအသစ်လေးရဲ့လက်ကိုတွဲပြီး အခမ်းအနားကျင်းပရာခန်းမထဲကိုဝင်သွားတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်။သူကတစ်စုံတစ်ယောက်ရဲ့ဖခင်ဖြစ်လာပြီးတော့ တစ်စုံတစ်ယောက်ရဲ့ အစ်ကိုဖြစ်လာလိမ့်မယ်။ငါ အတွေးတွေက ဒီအကြောင်းတွေဆီရောက်သွားတော့ ငါ့လက်တစ်စုံက ငါ့လည်ပင်းကိုညှစ်မိသွားတာ ငါ အသက်တောင်မရှူနိုင်တော့ဘူး
YOU ARE READING
ချန်မထားရက်ပါလေ(ဘာသာပြန်)
RomanceAssociated Names CBLB La Bu Xia LBX 落不下 Author Lin Qian Status in COO 41 Chapters + 2 Extras (Completed) I don't own this novel and just a fun translation This novel is incest type novel and please read at your own risk guys^_^