Chapter 34

801 49 5
                                    

NFSW

Unicode 

ကျောင်းတွေရဲ့ နောက်ဆုံးစာသင်နှစ် စာမေးပွဲကနီးလာပြီ။ငါအတန်းထဲမှာသေချာလိုက်နားထောင်ပြီးနေ့ကနေညထိသေချာလိုက်လုပ်နေခဲ့တယ်။ငါ့ရဲ့မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မှာအင်္ဂလိပ်စာလုံးတွေနဲ့ တရုတ်ကဗျာတွေကိုလေ့လာပြီးညမှာတော့ ငါ့ကောကငါမရတာတွေကို အိမ်မှာပြန်သင်ပေးတယ်။

နေ့တိုင်းညဖက်ကိုယ်ပိုင်စာကြည့်ချိန်ပြီးရင် ငါ့ကောကကျောင်းကနေ မီတာတစ်ရာလောက်ဝေးတဲ့ပန်းခြုံဘေးမှာငါ့ကိုစောင့်နေလေ့ရှိတယ်(သူအချိန်ပိုဆင်းရရင်တော့ ကားနဲ့တခါထဲလာခေါ်တယ်)။တခါတလေကျရင် ငါတို့တွေကအိမ်ပြန်တဲ့လမ်းတလျောက် ပုခုံးဖက်ပြီးစကားပြောရင်းသွားလေ့ရှိတယ်။အဲ့လိုမှမဟုတ်ရင်လည်းလက်ကိုင်ပြီးတော့သွားကြတယ်။ကောင်းကင်ကြီးကအရမ်းမှောင်နေပြီးလမ်းမီးတိုင်ကလည်းသိပ်မရှိသလိုဖြတ်သွားဖြတ်လာလူတွေကလည်းသိပ်မရှိဘူးလေ။ငါတို့စိုးရိမ်စရာမလိုပဲ တစ်စုံတစ်ယောက်နဲ့တိုးလို့ဆိုပြီး ငါတို့ရဲ့လက်တွေကိုလည်းပြန်ဖြုတ်စရာမလိုဘူး။ငါတို့တွေအရမ်းကိုလုံခြုံတယ်

ငါသူ့ကို ငါနဲ့သင့်တော်မယ့် ဘွဲ့ယူဖို့ တက္ကသိုလ်စဉ်းစားပေးပြီးပြီလားလို့မေးလိုက်တယ်။သူက ငွေရေးကြေးရေး,စီမံခန့်ခွဲရေးတို့ကိုရွေးလိမ့်မယ်လို့ငါထင်ခဲ့တာ အဲ့လိုဘွဲ့ဆိုရင်နောင်တချိန်သူ့ကို ကူညီနိုင်မှာလေ။ဒါပေမယ့်သူကငါသဘောကျပြီးစိတ်ဝင် စားတာကိုရွေးခိုင်းခဲ့တယ်

ငါအချိန်ကြာကြီးစဉ်းစားကြည့်လိုက်တယ် ဒါပေမယ့်ငါစိတ်ဝင်စားတာမှမရှိတာ ငါက သူ့ကိုပဲစိတ်ဝင်စားတာလေ

ငါချွေးတွေရွှဲနေလို့ ငါတို့အိမ်ရောက်တာနဲ့ အသဲအသန်ရေချိုးဖို့လုပ်တော့တယ်။ငါအတွင်းခံကိုချွတ်ရင်း ငါ့ကောကို တဘတ်လှမ်းပေးဖို့ပြောလိုက်တယ်။ငါ့ကောက ငါ့ကိုတဘတ်လှမ်းပေးခဲ့ပြီး ဒီအခွင့်အရေးကိုအသုံးချပြီးရေချိုးခန်းထဲကိုတိုးဝင်လာခဲ့တယ်။ငါ့ခါးကိုသူ့လက်နဲ့ရစ်ပတ်ထားရင်းငါ့ကိုနမ်းခဲ့တယ် အသက်ရူသံပြင်းပြင်းထွက်လျက်ပေါ့

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now