Unicode
ငါ အိမ်ပြန်ပြီး ရေချိုးလိုက်တယ်။ ငါရေပန်းအောက်မှာ ရပ်နေရင်း ရေနွေးနွေးကိုငါ့မျက်နှာပေါ်ကျဆင်းစေလိုက်ပြီးတော့ ချွေးနဲ့ အညစ်အကြေးတွေကို ဆေးကြောပစ်လိုက်တယ်။ ငါ့ကောကတော့ ကြည်လင်နေတဲ့ကြွေပြားပေါ်မှာထိုင်နေခဲ့တယ်။သူ့ရဲ့နောက်ကျောကတော့ ရေစက်လေးတွေဖုံးလွှမ်းထားခဲ့တယ်။မနေ့ကငါထားခဲ့တဲ့ ကုတ်ခြစ်ရာတွေကတော့ အခုထိနီနေတုန်းပဲ
သူက ခေါင်းကို ငုံ့ထားပြီး စိုစွတ်နေတဲ့ ဆံပင်တွေက သူ့မျက်လုံးတွေကိုဖုံးအုပ်ထားခဲ့တယ်။ငါထင် တာတော့ သူ့အဖေရင်းဆီကိုပြေးဝင်သွားမိလို့ ဒေါသထွက်နေတာ ဒါမှာမဟုတ် ငါ သူ့နှဖူးမှာ နှာဘူးလို့ရေးခဲ့လိုများလားပေါ့။ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေတဲ့ အရိပ်ငွေ့တွေက သူ့ရဲ့ခေါင်းကနေခြေဖျားထိဖုံးလွှမ်းနေခဲ့တယ်။
င့ါ သူ့ဘေးနားကနေ အသက်ရှူမဝသလို တင်းကြပ်နေသလို ခံစားနေရတယ်။ ငါရေကိုပိတ်ပြီးကုန်းလိုက်ပြီးတော့ ရေမြှပ်ယူပြီး သူ့ကျောကိုသန့်ရှင်းရေးလုပ်ဖို့ကူညီပေးလိုက်တယ်။အဲ့ဒီအချိန်မှာ ငါသတိထားမိလိုက်တာတော့ သူ့လက်တွေက အနည်းငယ်တုန်ယင်နေခဲ့တာပဲ
"တော်ပြီလေ ငါတို့အခုအဆင်ပြေနေပြီပဲမဟုတ် လား?"
ငါရေမြှပ်ကိုကိုင်ထားရင်းပဲ နောက်ကနေငါ့လက် မောင်းတွေနဲ့ သူ့လည်ပင်းကိုရစ်ပတ်လိုက်တယ်။ငါ့ဝမ်းဗိုက်နဲ့ ရင်ဘတ်က သူ့ကျောကို နွေးထွေးစွာနဲ့ဖိကပ်နေခဲ့တယ်။
"တကယ်တော့ မင်းမလာခဲ့ရင်တောင် ငါဖြေရှင်းနိုင်ပါတယ်။အဲ့လူအိုကြီးက ငါ့ကိုမမှီပါဘူး"
"ကော ငါမင်းကိုစကားပြောနေတယ်လေ!"
သူငါ့ကိုဆက်တိုက် လစ်လျှူရှုထားတော့ ငါအရမ်းစိတ်တိုလာတော့တာပဲ။ငါသူ့ဆံပင်ကိုဆွဲပြီးတော့ အတင်းအကြပ်ပဲသူ့ခေါင်းကိုမော့ပြီးငါ့ကိုကြည့်ခိုင်းလိုက်တယ်။
သူကတည်တည်ငြိမ်ငြိမ်နဲ့လှည့်လာခဲ့ပြီးတော့ ငါ့ဆီကရေမြှပ်ကိုယူသွားခဲ့တယ်။သူကအဲ့ပေါ်ကို ရေချိုးဆပ်ပြာရည်အနည်းငယ်ညှစ်ချပြီးတော့ ငါ့ခန္ဓာကိုယ်ကိုသန့်ရှင်းဖို့ကူညီပေးတယ်။ငါဖင်ပြောင်နဲ့ပဲကြွေပြားပေါ်ထိုင်ချလိုက်ပြီးတော့ သက်တောင့်သက်သာနဲ့ပဲ သွမ့်ရွှေ့က သူ့ရဲ့ အရှင်ဘုရင်ကို ခစားလို့ပြီးတာကိုစောင့်နေလိုက်တယ်။

YOU ARE READING
ချန်မထားရက်ပါလေ(ဘာသာပြန်)
RomanceAssociated Names CBLB La Bu Xia LBX 落不下 Author Lin Qian Status in COO 41 Chapters + 2 Extras (Completed) I don't own this novel and just a fun translation This novel is incest type novel and please read at your own risk guys^_^