Chapter 28

487 45 6
                                    

Unicode

နေ့ရဲ့နောက်ဆုံးအလင်းရောင်က တိမ်တွေကြားကနေအကူအညီတောင်းရင်းအော်ဟစ်နေခဲ့ကြတယ်။နေလုံးကနောက်ဆုံးတော့သေခြင်းတရားစီနစ်မြုပ်သွားခဲ့ပြီ။ညတာကရောက်လာခဲ့ပြီးတော့ ငါကတော့ လမ်းတွေပေါ်မှာလေလွင့်နေခဲ့တယ် အိမ်ပြန်ဖို့ကိုကြောက်ရွံနေပြီးတော့ပေါ့

လွယ်အိတ်ထဲထည့်ထားတဲ့ ဖုန်းက ရုတ်တရက် တုန်ခါသွားခဲ့တယ်။ငါလည်းပဲလန့်ပြီးတော့တုန်တက်သွားခဲ့တယ်။ငါ ငါ့ကျောင်းလွယ်အိတ်ကိုပုခုံးပေါ်ကနေယူပြီးအထဲနှိုက်လိုက်တဲ့အချိန်ငါ့လက်နှစ်ဖက်ကလဲတုန်ယင်နေခဲ့တယ်။ငါ့ဖုန်းကစာအုပ်တချို့ကြားမှာညပ်နေတာထင်တယ်။ငါ အသံပဲကြားရတယ်အဲ့ဒါက ငါ့ကို စိုးရိမ်စေပြီး ရူးတော့မလိုပဲ

ဆယ်စက္ကန့်လောက်ကြာတော့ တုန်ခါမှုက ရုတ်တရက် ရပ်သွားတော့တယ်။ အဲဒါနဲ့အတူ ငါ့နှလုံးသားလည်းရပ်တန့်သွားတော့တာပဲ။

ခဏကြာတော့ ငါ့ယူနီဖောင်း အိတ်ကပ်ထဲက ဖုန်းဟောင်း မြည်လာခဲ့တယ်။ ငါ့လက်တွေချွေးပြန်ပြီးတော့မြေကြီးပေါ်ကိုဖုန်းကအကြိမ်အနည်းငယ်လောက်ပြုတ်ကျခဲ့တယ်။ငါမြေကြီးညစ်ပတ်နေတာတောင်ဂရုမစိုက်နိုင်ဘူး ငါဒူးထောက်ပြီးဖုန်းကိုကောက်ဖြေလိုက်တော့တယ်

ဖုန်းကနေပြန့်လွင့်လာတဲ့အသံကငါ့ကောပဲ ဒေါသတွေပါပါနေခဲ့တယ်။သူကငါ့ကိုအော်လာခဲ့တယ်။

"နောက်ကျနေပြီကိုမင်းအိမ်မှာမရှိဘူးမင်း ဘယ်ကိုသွားပြီး ပြသာနာရှာဖို့ကြံနေတာလဲ?မင်းအခုချက်ချင်းဒီကိုလာခဲ့!"

ငါ နည်းနည်းတော့ စိတ်သက်သာရာရသွားတယ်။ အနည်းဆုံးတော့ ကောကငါ့ကို ဆူပူကြိမ်းမောင်းနေတုန်းပဲ သူငါ့ကိုလိုချင်နေတုန်းပဲ

ငါဆေးဆိုင်ကိုသွားပြီး အပူလောင်ဒဏ်ရာလိမ်းဆေးသွားဝယ်လိုက်တယ် ပြီးတော့ အိမ်ရာနားက သစ်သီးဆိုင်ကိုသွားပြီး ငါ့ကောစားဖို့ အတွက် စတော်ဘယ်ရီတစ်ဘူးဝယ်လိုက်တယ်အဲ့လိုဆို သူလဲစိတ်လျှော့သွားလောက်တယ်လေ။ဒီတစ်ကြိမ်တော့ သူသေလောက်အောင်စိတ်ဆိုးသွားတယ်ဆိုတာငါသိတယ်။သူသေချာပေါက်လွယ်လွယ်နဲ့ ခွင့်လွှတ်မှာတော့မဟုတ်ဘူး။ဒါပေမယ့် သူငါ့ကိုချစ်တယ်လေ။ငါသူ့ကိုဖက်ပြီးတော့စကားချိုချိုလေးတွေပြောပြီးချွဲလိုက်ရင် ငါ့ကိုဆက်ပြီးတော့ လျစ်လျှူရှုဖို့ သူနှလုံးသားမဲ့နိုင်မှာမဟုတ်တော့ဘူးလေ

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now