Chapter 3

1.1K 91 1
                                    

Unicode

ငါတို့ကအတန်းပြီးကြောင်း ခေါင်းလောင်းသံမြည် တဲ့အထိ ဘတ်စကတ်ဘော ကစားခဲ့ကြတယ်။ငါ သစ်ပင်အောက်အရိပ်ထဲမှာ ထိုင်ပြီး ချွေးတွေကို သုတ်ဖို့ အင်္ကျီကို ဆွဲတင်လိုက်တယ်။ မခို့တရို့နဲ့ မိန်းကလေးတချို့ကငါ့ကို ရေသန့်ဘူးတွေ ပေးဖို့ ကြိုးစားကြတယ်။ ရင်းနှီးတဲ့သူတစ်ယောက်ဆီကနေတစ်ဘူးယူလိုက်ပြီး သူမကို ကျေးဇူးတင်လိုက်တယ်။

သူမကမျက်နှာကို လက်နဲ့အုပ်ထားပြီး လက်ချောင်းကြားထဲကတဆင့် ငါ့ကိုခိုးကြည့်နေတယ်။ငါစိတ် လှုပ်ရှားစွာနဲ့ ရေတစ်ကျိုက်ကိုမော့လိုက်တယ်။ ဒါကရေလေးတစ်ဘူးပဲလေအဲ့ဒါကိုသူတို့က ဘုရင်ကဘယ်မိဖုရားနဲ့အိပ်ဆောင်ဝင်ရမလဲဆိုတာကိုရွေးသလိုလုပ်နေကြတယ်။ငါ ရှက်လွန်းလို့ သူမကိုပြန်ဆပ်ဖို့ ရေခဲမုန့်ဝယ်လိုက်တယ်။ သူ့ဘေးနားက ကောင်မလေးတွေကထပြီးစနောက်လာကြလို့ ငါ့မှာ ပိုလို့တောင် အရှက်ရသွားတယ်။ ရိုးရိုးသားသားပြောရရင် ငါသူမနာမည်ကိုတောင်မေ့နေပြီဒါပေမယ့်မမေးရဲဘူး။

ငါ ထွက်သွားလိုက်တော့တယ်။

ငါလှည့်ပြေးသွားတာတောင်မှ သူတို့ပြောနေတဲ့ သွမ့်ယန်က တကယ်ကြီး အရိပ်အကဲမသိဘူးပဲလို့ ပြောနေတာကိုကြားနေရသေးတယ်။လှည့်ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့ဘူး။ဒါမှမဟုတ်သူတို့ကလေကိုပြောနေတာလည်း ဖြစ်နိုင်တယ်။

အတန်းထဲပြန်ရောက်တာနဲ့ ငါ့ရှေ့ကကောင်မလေးကို အတန်း(၄)က ကျစ်ဆံမြီးအရှည်ကြီးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးရဲ့ နည်းနည်းကြည့်ကောင်းတဲ့ကောင် မလေးနာမည်ကိုမှတ်မိလားလို့မေးလိုက်တယ်။သူမကမနက်ခင်းတုန်းကစာအုပ်ဌားဖို့ ငါတို့အတန်းကိုလာခဲ့သေးတယ်ဆိုတာကိုပါထည့်ပြောလိုက်တယ်။

ငါ့ရှေ့မှာထိုင်နေတဲ့သူကပြောလာတယ်။

"ရုံယန်းယန်း?"

ငါကပေါင်ကိုရိုက်ပြီးပြောလိုက်တယ်။ဟုတ်သားပဲ ရုံယန်းယန်း 'The Smiling, Proud Wanderer' ထဲကလင်ဟုချုန်နဲ့တွဲတဲ့ မိန်းကလေး။လင်ဟုချုန် ရုံယန်းယန်း၊သိပြီ။

ငါ့ရှေ့မှာ ထိုင်နေတဲ့သူက ငါ့ကို ဒေါသထွက်နေတုန်းပဲ။ဒါကြောင့်ငါ့ကောကအလုပ်ကိစ္စခရီးသွားတုန်းက ငါ့အတွက် ဝယ်ပေးခဲ့တဲ့ စန္ဒကူးနီ လက်ကောက် ကို ပေးလိုက်တယ်။သူမကထိတ်လန့်သွားပြီးပါးပြင်ကနေနားရွက်ဖျားအထိ နီရဲလာခဲ့တယ်။

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now