🍀1🍀

7.9K 241 14
                                    

Unicode

ကက္သလ နိုင်ငံရဲ့ မြို့တော်တစ်နေရာ...
ကြီးမားခမ်းနားထဲ ရွှေရောင်အဆောက်အဦးကြီးထဲ ပါတီတစ်ခုပြုလုပ်နေသည်။

အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်က စိတ်ဝင်စားရင် တစ်ညအိပ်သွားချင်တဲ့ လူတွေအတွက် အခန်းမြောက်မြားစွာ။အခန်းချည်းပဲလားဆိုတော့မဟုတ် ။နတ်ပြည်တက်လို့ရမဲ့ လူသားလှေကားလေးတွေလည်း အဆင်သင့်ရှိနေသည်။လှပေ့ ၊ချောပေ့၊ သန့်ပေ့ဆိုတဲ့ လှေကားလေးတွေက ပြိုးပြိုးပျက်ပျက်...

ပထမထပ်ကတော့ ကံကောင်းရင် သူဌေးဖြစ်နိုင်ပြီး ကံခေသူများအတွက်တော့ ခွေးဖြစ်မဲ့နေရာ...။အံစာတုံးရဲ့မျက်နှာပြင်က ဘဝအတွက် တစ်ဆစ်ချိုးပြောင်းလဲခြင်း။တော်ရုံပမာဏဆိုရင်တော့ ဟိုကြားဒီကြားတောင် မညပ်ပဲ ကုန်သွားလိမ့်မည်။အဲ့‌ကြောင့် ထိုနေရာကို လာတဲ့သူတွေက သိန်းချီသောင်းချီ သူဌေးများမဟုတ်ဘဲ billionaire ၊ Millionaire ထိပ်သီးလုပ်ငန်းရှင်တွေ...

မီးရောင်စုံနဲ့ beat သံပြင်းပြင်းတွေကြားမှာ ကခုန်လို့ရတဲ့နေရာက ရွှေရောင်အဆောက်အဦးရဲ့ မြေညီထပ်။Dancing floor မှာ လူအယောက်ပေါင်းများစွာက ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ အကြောလျှော့နေကြ၏။beat တွေကပြင်းတာမို့ တစ်ခါတစ်ရံမှာလာတဲ့ ကခုန်သံတွေဟာ ပါတီရဲ့ အပြင်ဘက်ရေကန်နားက စားပွဲမှာထိုင်နေတဲ့ ကြွကြွရွရွလေးအတွက် ကတော့ ထဆဲချင်စိတ်ပေါက်အောင် စိတ်ရှုပ်စေပါသည်။

သီချင်းသံတွေသည် စိတ်ကိုမြူးကြွအောင်လုပ်နိုင်သည်။ပျော်ရွှင်အောင်လုပ်နိုင်သလို ဝမ်းနည်းအောင်လည်းလုပ်နိုင်၏။အချစ်ဆိုတဲ့အရာပြီးရင် သီချင်းသံတွေက လူစိတ်ကိုကစားနိုင်ဆုံး...

မူးနေလည်းက‌မည်။ရူးနေလည်းကမည်။ပျော်လည်းကမည်။စိတ်ညစ်လည်းကမည်။ထိုအကြောင်းပြချက်တွေဖြင့် ကနေကြတဲ့သူတွေကြား အမဲရောင်အရိပ်တစ်ခု...
ဆွယ်တာ အနက်လည်ထောင်ကို body နဲ့ fit ကျနေအောင်ဝတ်ထားတာမို့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ဟာ ကျစ်ကျစ်လစ်လစ်...
ဘောင်းဘီအနက်အပွနဲ့ တွဲဝတ်ထားတာ ခါးပတ်ကအစ အနက်ရောင်။ပြူးပြဲနေတဲ့ Gucci တံ‌ဆိပ် ခါးပတ်ခေါင်းက သူများတွေအတွက် အမြင်ရိုင်းနေစေပေမယ့် သူ့အတွက်ကတော့ ပိုကြည့်ကောင်းနေစေ၏...
လက်မ၊လက်ညိုးနဲ့ လက်ခလယ်ကိုဝတ်ထားတဲ့ ငွေရောင်ခပ်ကြီးလက်စွပ်တွေက လက်ချောင်းတွေတောင်ပျောက်လုနီးပါး...
လည်ပင်းမှာဝတ်ထားတဲ့ အလှဆွဲကြိုးကြီးက အနက်ရောင်ဆွယ်တာပေါ်မှာ မီးအရောင်နဲ့ တလိပ်လိပ်...
ဆွဲစုကြည့်မှ လက်မဝက်တောင်မရှိတဲ့ နှုတ်ခမ်းတစ်စုံက ပုံကျသေသပ်စွာ တိတိပပ။သို့သော် အောက်နှုတ်ခမ်းရဲ့ ညာဘက်ခြမ်းမှာ နှုတ်ခမ်းသားကိုဖောက်ကာ အထာကျနေစေတဲ့ အကွင်းလေးတစ်ကွင်း...
သိန်းငှက်လို စူးရှတဲ့ မျက်လုံးနက်နက်တွေ၊ဖြောင့်စင်းပြီး အနည်းငယ်ပွသလိုလိုရှိနေတဲ့ နှာ‌ခေါင်းလုံးလုံးလေး၊မျက်ခုံးမွေးမထူမပါးနဲ့ နဖူးပေါ်ကို တမင်ချထားတဲ့ ဆံပင်စလေး နှစ်စက သူ့ကို ပို smart ကျနေစေသည်။သွယ်လျတဲ့ မျက်နှာကျနဲ့ ပေါင်းလိုက်တဲ့အခါ ဝေဟင်ကိုကိုဆိုတဲ့ လူသားဟာ ရောင်စုံလိပ်ပြာလေးတွေအတွက် Perfect...

🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing} Where stories live. Discover now