Unicode
အချိန်အားဖြင့် တစ်ပတ်ကျော်သွားပြီ။
ဒီကြားထဲ ဧကရီ့သားလေးကို နာမည်ပေးပြီး ကြိုဆိုပွဲလုပ်ခဲ့ကြ၏။
ဒယ်ဒီ့မျက်နှာနဲ့ တစ်ဖက်အမျိုးတွေရဲ့မျက်နှာကြောင့်လားမသိ လာလိုက်တဲ့လူတွေမှ လူတန်းစားအလွှာအမျိုးမျိုး လက်ဆောင်အမျိုးမျိုးနဲ့။တအားလူများလာတဲ့အခါ မြန်းမွန်းကြပ်ပြီးမနေနိုင်တော့တာမို့ ခေတ်နဲ့သျှားကိုခေါ်ကာ စံအိမ်လေးထဲပြန်လာခဲ့သည်။အထူးနေ့မို့ စံအိမ်ကြီးထဲမှာ လုံခြုံရေးပါမကျန် အငြိမ်မနေရ။အရင်ဆုံး မိသားစုဝင်တွေနဲ့ ကလေးကို နာမည်ရွေးကြ လက်ဆောင်ပေးကြနဲ့။ပြီးမှ လူရှေ့ထွက်ပြရသည်။
ခဏနေပြီးတဲ့အခါ စံအိမ်ငယ်လေးကိုပြန်လာပြီး တစ်ရေးအိပ်လိုက်သေး၏။မြန်းခုတစ်လော အအိပ်မက်နေပါသည်။နေ့လည်းအိပ်၊ညလည်းအိပ်။မြန်း အိမ်ကြီးထဲကပြန်ထွက်ခဲ့တာမှန်သွား၏။စံအိမ်လေးထဲရောက်တဲ့အခါ Pheromone အနံ့အစုံကြောင့်လူက အော့ချင်သလို အန်ချင်သလို။
အာ့နေ့က ဘာမှမလုပ်ဘဲ ပင်ပန်းခဲ့ရသေးသည်။အလုပ်တွေရှုပ်နေတဲ့ စံအိမ်ထဲကလူတွေကြောင့် ဒယ်ဒီနဲ့လည်းစကား အေးဆေးမပြောဖြစ်သေး။ထို့ကြောင့် ဒယ်ဒီကလည်း မြန်းကို ပြန်လွှတ်မှာမဟုတ်သေး။သို့သော် မြန်းကိုယ့်အိမ်ကိုယ်သာပြန်နေချင်ပါသည်။ဒီစံအိမ်မှာနေတဲ့ခံစားချက်က ရှေ့မလုံနောက်မလုံ။ဒါပေမယ့် ဒယ်ဒီနဲ့ရှင်းစရာရှိသေးသည်မဟုတ်လား...
ဘာအလုပ်မှ သိပ်မလုပ်တဲ့တူတူ ဖိုးဖိုးကိုပြုစုပေးသည်။အသက်ကြီးလာပြီဖြစ်တဲ့ဖိုးဖိုးက တော်တော်လေးကို အထီးကျန်နေ၏။ထို့ကြောင့် တစ်နေ့ကို နှစ်ခေါက်လောက်သွားကာ စကားပြောရင်း အဖော်လုပ်ပေးဖြစ်သည်။
အရမ်းပျင်းလာရင်တော့ ဇာတ်ကားကြည့်ရင်ကြည့် မကြည့်ရင် ဂိမ်းဆော့၊မဆော့ဖြစ်တာ ကြာပြီဖြစ်တဲ့ဂိမ်းက ရှုံးသွားရင်တော့ စိတ်တိုတိုနဲ့ မာမီထားခဲ့တဲ့ ရတနာလုပ်လုပ်ငန်းတွေကို ဝင်ပါလိုက်သည်။ခုထိမြန်းဘာမှမလုပ်ဘဲ သုံးနိုင်နေနိုင်တာက မာမီထားခဲ့တဲ့ ရတနာဆိုင်တွေရဲ့ ဝင်ငွေကြောင့်သာ။သိပ်အကွက်မြင်တတ်တဲ့ မာမီက နေရာတကာ ဒေါင့်စေ့လှသည်။မြန်းဝင်မပါဘဲ လည်ပတ်နေနိုင်တဲ့အထိ ရတနာဆိုင်တွေမှာ မာမီ့လူယုံတွေချည်း...
YOU ARE READING
🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing}
عاطفيةအချစ်တစ်ခုသာ လိုပါသည်...🍀 စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ပါရှင်။