🍀24🍀

1.6K 97 11
                                    

Unicode

"Lucky..."

"အွန်း..."

"ငါသွားစရာရှိတယ်။ဒယ်ဒီလာဖို့ခေါ်လို့ ကိစ္စရှိလို့တဲ့။..."

"ကျုပ်လိုက်ခဲ့ရမလား..."

"ရပါတယ်။ခနနေရင် လာကြိုတဲ့ကားတွေရောက်မယ်။ဘယ်ချိန်ပြန်ရောက်မလဲတော့မသိဘူး..."

နေ့လည်၁နာရီတွင်ဖြစ်သည်။နေ့လည်စာ စားပြီး ဝရံတာထွက်ကာ Dream bedပေါ်လှဲနေတုန်း ကိုယ့်ပေါင်ကြားထဲဝင်ကာ သူ့ကျောကုန်းကိုကိုယ့်ရင်ဘတ်နဲ့ မှီနေ၏။ကိုယ်က ဆေးလိပ်သောက်ဖို့အကြံနဲ့ထွက်ခဲ့ပေမယ့် ရင်ခွင်ထဲအကျအနနေရာယူထားသူလေးကြောင့် ခုထိမသောက်ရသေး။အာဂျွန်ကတော့ ခြေရင်းဘက်တွင် အိပ်ပျော်နေသည်။

မင်းသားဆိုတာလေးက ထွေရာလေးပါးလျှောက်ပြောနေရာကနေ လက်ကအငြိမ်မနေဘဲ တစ်ချက်တစ်ချက် အားနေတဲ့လက်နဲ့ ဟိုကိုင်ဒီကိုင်လိုက်ကိုင်သည်။စိတ်မထင်ရင် မထင်သလို သူ့လက်ထဲပါလာတဲ့ အမွှေးတွေလည်းဆွဲနှုတ်နေသေးတာ။
ဆေးရုံက ပြန်လာတည်းက သူရောကိုယ်ရောပေါ့ပေါ့ပါးပါးဆိုပြီး ဘောင်းဘီဒူးကျကို ဟူဒီတွေနဲ့တွဲဝတ်ထားကြသည်။ထုံးစံအတိုင်း ကိုယ်ကအနက် သူကအဖြူပေါ့။
ကိုယ်က အနက်အကြိုက်ဆုံးဆိုပေမယ့် တခြားအရောင်တွေလည်းရံဖန်ရံခါ ဝတ်သည်။သူကတော့မရ အဖြူမှအဖြူ။

အေးတဲ့ရာသီဆိုပေမယ့် နေ့လည်၁ နာရီအချိန်က နေလို့အတော်ကောင်းသည်။ရာသီဥတုကောင်းနေတာကြောင့် အိပ်မယ်ထင်ထားတဲ့သူက မအိပ်ပဲ ကိုယ့်ရင်ခွင်ကိုမှီပြီး ပေါင်ကြားထဲဝင်ထိုင်နေတာအကျအန။
မထင်ရင်မထင်သလို ဆွဲနှုတ်ထားတဲ့ခြေသလုံးမွှေးတွေက ဘယ်နှပင်မှန်းတောင်မသိတော့။
အမွှေးတွေထဲမှာ ခြေသလုံးမွှေးက အနာဆုံးဆိုတာ ဒီလူမသိတာဖြစ်လောက်မည်။

"မင်းလိုက်ချင်လား..."

"ခင်ဗျားအဆင်ပြေမှပါ။..."

"ငါသွားရင် မင်းအိမ်မှာ ပျင်းနေမှာပေါ့..."

"အမှန်ပြောရင် ကျုပ်ကအငြိမ်နေတဲ့သူမဟုတ်ဘူး။ခုတောင် တော်တော်ခြေငြိမ်နေရတာ...ခင်ဗျားသွားရင် ကျုပ်လည်းတစ်နေရာရာသွားဖို့စဉ်းစားထားတယ်။"

🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing} Where stories live. Discover now