🍀28🍀

1.6K 80 5
                                    

Unicode

မြန်းတို့ဆေးရုံကဆင်းလာသည်။အရင်လိုပဲ သိုက်သိုက်မြိုက်မြိုက်နဲ့ အိမ်မှာလူစုံ၏။မြန်းက တစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတဲ့အသိမှာ အများနဲ့လည်းနေတတ်လာ၏။ခုတော့ အားလုံးက ရင်းရင်းနှီးနှီးမို့အဆင်ပြေသည်။ကိုယ်ရံတော်တွေလည်း သက်သာလာပြီဖြစ်တာကြောင့် ဝမ်းသာရသည်။

ဟိုညီအကိုသုံးယောက်ကတော့ မြန်းအိမ်မှာပဲသောင်တင်နေသည်။
Lucky ကမြန်းကြောင့်လာနေသည်။
ထည်ဝါမြတ်မင်းကလည်း ကိုယ်ရံတော်ခေတ်ကြောင့်လာနေသည်။ခုဆိုသူတို့တွေက သူစိမ်းမဟုတ်တော့ဘူးလေ။
အကိုတွေလာနေတော့ ငယ်ငယ်ကပါတစ်ယောက်တည်းမနေချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့လာနေသည်။

ခုတော့ လူစုံကာ ညနေကျရင် ပါတီတစ်ခုလုပ်ဖို့စီစဉ်ထားသည်။လုပ်တဲ့အကြောင်းအရာကတော့ မင်းသားအမြင်အာရုံပြန်လည်ရရှိခြင်းကို ဂုဏ်ပြုတဲ့ခေါင်းစဉ်နဲ့။

"သိပ်မကိုင်နဲ့လေ ဧကန်..."

"ဝုဝု...ဝူး..!ဝုတ်.."

မျက်ကပ်မှန်လေးနဲ့ကြည်ကြည်လင်လင်ဖြစ်သွားတဲ့သူလေးက အခုလည်း အိမ်ဧည့်ခန်းရဲ့ဆိုဖာပေါ်မှာ သူ့ခွေးနဲ့ဆော့နေသည်။ဝေဟင်က ဆိုဖာလက်တင်တဲ့နေရာကိုမှီကာ သူ့ကိုရင်ခွင်ထဲထည့်ထားတာ။ဒါကို ကိုယ့်ရင်ဖက်ကိုလျော့တိလျော့ရဲမှီနေပြီး သူ့သားဆိုတာကို ပေါင်ပေါ်ခေါ်တင်ထားတာဖြစ်သည်။
ခေါ်တင်ပြီး လက်ကလည်းအငြိမ်မနေ အာဂျွန်ကြီးတစ်ကိုယ်လုံးကို လိုက်တို့ထိပြီးကစားနေသည်။

မထိတထိစလိုက် သူ့သားက နာလို့သူ့လက်ကိုပြန်ဟပ်လိုက် နဲ့ကစားနေပြီး ဟိုခွေးကောင်လေးကလည်း သူ့လက်ကိုမိရင်မကိုက်ဘဲ ငုံထားပြီး ပြန်လွှတ်ပေးသည်။ဒါကို သဘောကျနေပြီး သားအဖနှစ်ယောက်ကစားနေတာ ခွေးသံတွေရော လူရယ်သံတွေရော တစ်အိမ်လုံးပြန့်လို့...

"ခစ်...အဟား သားရေ ဒီမှာ ဒီမှာ စိတ်တိုနေပြီလား။စအုံးမှာ ပါပါးက ဒီလိုမျိုး..."

"အီ...ဝုတ်ဝုတ်...ဝုအုအု..."

"ကဲကွာ ကဲကွာ...ဟားဟား..."

🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing} Where stories live. Discover now