🍀13🍀

1.8K 98 10
                                    

Unicode

အဝေးပြေးလမ်းမရဲ့တစ်နေရာ လူတွေ အရမ်းရှုပ်နေသည်။စစ်ဆေးရေးတွေ တောက်လျှောက်ရှိနေပြီး ရဲတွေ အရေးပေါ်ယာဉ်တွေနဲ့ ထိုနေရာမှာ ပိတ်နေသည်။လမ်းသွားလမ်းလာတွေကိုတောင် တားထားရပြီး ထိုနေရာကို ခေတ္တပိတ်ထားရသည်။

လူလေးယောက်ပါတဲ့ ကားaccident၊ လူနှစ်ယောက်လဲနေတဲ့ သွေးအိုင်ကြီးဟာ တော်ရုံလူအဖို့ကတော့ သွေးပျက်လဲကျချင်စရာ ကောင်းလှသည်။ဖြတ်သွားဖြတ်လာတွေ တွေ့ကာ သက်ဆိုင်ရာဌာနတွေကို သတင်းပေးထားဟန်...

ထိုအချိန်မှာ ကားတစ်စီးထိုးရပ်လာပြီး လူသုံးယောက်ပြေးဆင်းလာပါသည်။အမြဲလိုလို ကျော့ကော့နေတတ်တဲ့လူတွေက မျက်နှာတောင်သစ်လာပါရဲ့လားလို့ ထင်မိရတဲ့အထိ စုတ်ပေပေ။ပြင်ဆင် နေဖို့အချိန်မရှိတာလည်းဖြစ်နိုင်သည်။အချိန်မပေးတာလည်း ဖြစ်နိုင်သည်။

ပြေးဆင်းလာပုံက သွေးရူးသွေးတန်းဆန်ကာ  ဘယ်ရာကိုမှ မျက်စိထဲမမြင်နိုင်လောက်တဲ့အထိ ဝရုန်းသုန်းကား...
တစ်ချို့က လှည့်ကြည့်ကာ သူတို့မျက်ဝန်းထဲက မေးခွန်းတွေထွက်ကျလာသည်။

"ခဏ...ခဏ...ကြည့်ပါရစေဗျာ..."

စစ်ဆေးနေဆဲမို့လို့ ထိုဧရိယာကို ကန့်သတ်ထားတဲ့ကြားက ငယ်ငယ်တစ်ယောက် ဘယ်သူ့မှမမြင်နိုင်စွာ အတင်းဝင်တိုးတော့သည်။ဒါကို ရဲသားနှစ်ယောက်က တားထားပြီး...

"မရပါဘူးဗျာ...စစ်ဆေးနေဆဲမို့လို့ ခဏစောင့်နေပေးပါ။ကျွန်တော်တို့လည်း တာဝန်အရ စစ်..."

"စောက်ပိုတွေတစ်ခွန်းမှ လာမပြောနဲ့။ဖယ်စမ်း!!..."

ဟိုတယ်မှာထိုသတင်းကိုစသိတည်းက ဖြစ်ပျက်သွားတဲ့ငယ်ငယ့် ပုံစံဟာ တကယ်ကို မကြည့်ရက်နိုင်စရာ။လာနေတဲ့တစ်လမ်းလုံးမှာ အယောင်ယောင်အမှားမှားနဲ့ ဘာတွေပြောမှန်းမသိ။အခြေနေတွေဟာ လုံးဝပုံမှန်ဟုတ်မနေခဲ့တာ...

ခုလည်းသူမြင်ချင်နေတာကို ကြည့်ခွင့်မပေးဘဲတားထားသောကြောင့် ဒေါသထွက်နေပြန်သည်။

"မရပါဘူးဆို။မင်းကဘယ်သူလဲ ဒီမှာအလုပ်လုပ်နေတာကို မင်းမျက်လုံးကန်းနေလား..."

🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing} Where stories live. Discover now