🍀10🍀

2.3K 97 15
                                    

Unicode

ကျွီ!!!

ဝေဟင် အခန်းရောက်တော့ ကြာကြာဖင်မထိုင်နိုင် လုပ်စရာရှိသေးတာမို့ ပြန်ထွက်လာခဲ့၏။မျက်နှာချင်းဆိုင် အခန်းကို ဖွင့်ကာ ဝင်လာခဲ့သည်။သူများအခန်းကို မဝင်ခင်တံခါးအရင်ခေါက်ရမယ်တို့ ဘာတို့ သိသော်ငြား ဒါတွေကို ဝေဟင်က ဂရုစိုက်နေမည်တော့မဟုတ်။ကိုယ့်ကမ္ဘာမှာ ကိုယ့်စည်းကမ်းပဲအတည်။ငါ့စိတ်နဲ့ငါ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့လူမျိုး...

ဝင်လာတည်းက ဘာသံမှမကြားရ။တိတ်ဆိတ်မှုကဆီးကြိုလိုက်တော့ ဝေဟင် မျက်မှောင်ကြုတ်မိသည်။လူတစ်ယောက်နေတဲ့ အခန်းက ဒီလောက် တိတ်ဆိတ်နေသင့်သလား...

အဟမ်း!....

အသံပေးလိုက်သည်။ဘာသံမှမကြားရ။မထူးတော့မဲ့အတူတူ ဆက်ဝင်လာခဲ့သည်။မျက်စိကလည်း ဟိုရှာဒီရှာ အလုပ်ပေးရင်း...

အဟမ်း!...

ချောင်းဆိုးသံပေးလည်း အသံပြန်မလာပါ။ဘယ်လာမလဲ အခန်းပိုင်ရှင်က အိပ်ရာဖွေးဖွေးပေါ်မှာ အိပ်ပျော်နေတာများ ဆင်အော်တောင်နိုးမဲ့ပုံမပေါ်...

"ဒီမှာပဲ..."

အိပ်ရာကျယ်ကြီးနားမှာ ရပ်နေကာ နှိုးရကောင်းမလား။မနှိုးဘဲနေရကောင်းမလား ဝေခွဲမရ။နှိုးလိုက်ရင် ငြိမ်းချမ်းစွာ အိပ်စက်နေတဲ့ အလှတရားလေးပျောက်ပျက်သွားမှာလား...
အိပ်ရာဖြူဖြူတွေကြားက အဖြူရောင်လူသားလေး လှုပ်ရှားသွားမှာလား...
အိပ်ပျော်နေတော့ ပိတ်ထားတဲ့မျက်ဝန်းလှလှလေးတွေ ၊အိပ်တဲ့အခါ လူတိုင်းလိုလိုဖြစ်တတ်တဲ့ ခပ်ဆူဆူနှုတ်ခမ်းလေးက ပုံပျက်သွားမှာလား...
ဒီတိုင်းပဲ သူနိုးချိန်ကို မေတ္တာကြီးစွာ စောင့်နေပေးရင်း ထိုင်ကြည့်နေလိုက်ရမလား...

အတွေးများစွာနဲ့ ရပ်ကြည့်နေတာ မိနစ်တချို့ကြာလာပြီ။သို့သော် သတိရသွားကာ နာရီကြည့်မိတော့...

"ကျစ်...နေ့လည်စာချိန်တောင်ကျော်သွားပြီ..."

နှိုးမှဖြစ်တော့မှာမို့...

"ဒီမှာ မင်းသားဆိုတဲ့လူ။ဟိတ်...ထအုံး နေ့လည်စာ စားရအောင်..."

🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing} Where stories live. Discover now