Unicode
မနက်စာ စားပွဲတွင်ဖြစ်သည်။
စံအိမ်ကြီးရဲ့ မနက်စာဝိုင်းတွင် လူစုံနေ၏။
ဒယ်ဒီရယ်၊ပါပါးရယ်၊ဝေဟင်တို့စုံတွဲရယ်၊ငယ်ငယ်ရယ်...."သားတို့ ဘယ်လိုနေသေးလဲ။တစ်ခုခု ခံစားနေရသေးလား..."
ပါပါးဦးတည်မေးလိုက်တာက မြန်းနဲ့ ငယ်ငယ့်ကို။ပါပါးစကားသံကြားတော့ မြန်းက စားလက်စကိုရပ်လိုက်သည်။
"ငယ်က ဘယ်လိုမှမနေတော့ဘူး ကောင်းသွားပြီ ပါပါး..."
"မြန်းလည်းကောင်းနေပါပြီ။ဒါပေမယ့် နေလို့သိပ်မကောင်းဘူး။ရင်ထဲပြည့်နေတယ် ပါပါး။စားချင် သောက်ချင်စိတ်ပျောက်နေတာ..."
မင်းသားရဲ့ စကားအဆုံး ပါပါးနဲ့ဝေဟင်ကအကြည့်ချင်းဆုံသွားသလို ဒယ်ဒီလည်းစားနေရင်း မသိမသာရပ်သွားသည်။ငယ်ငယ်ကတော့ ဘာမှမသိသူမလို့ အေးဆေး...
အကြောင်းကတော့ ဝေဟင်က အဖေနှစ်ယောက်လုံးကို မြန်းမှာကိုယ်ဝန်ရှိကြောင်းမပြောစေရန် ကြိုတားထားခြင်းကြောင့်ဖြစ်သည်။သူတားတုန်းက ပါပါးကသဘောမတူပေမယ့် ဝေဟင့်ရဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုကြောင့် လက်ခံသွားရသည်။
"ကျွန်တော့်ကို ကူညီပါအုံး ပါပါးတို့။သူ့မှာကိုယ်ဝန်ရှိကြောင်းကို ဘယ်သူမှ မသိစေချင်သေးဘူး။ကျွန်တော်တို့ နှစ်ယောက်လက်မထပ်ရသေးဘူး ။ချက်ချင်းလက်ထပ်ဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ဘူး။သူ့မိသားစုဘက်မှာ ပြဿနာတစ်ချို့ရှိတယ်။ကျွန်တော် အမြန်ဆုံးကြိုးစားပြီးတော့ အဆင်ပြေအောင်လုပ်ပါမယ်။လောလောဆယ်တော့ သူ့ကိုမပြောချင်သေးဘူး။ဒီကိစ္စက သူ့အတွက် သူများပြောစရာဖြစ်သွားမှာစိုးတယ်။ကျွန်တော်အမြန်ဆုံး ပြောနိုင်အောင်တော့လုပ်ပါမယ်။ခုတော့ ကူညီပါအုံးနော်..."
ညကပြောခဲ့တဲ့စကားတွေကို ဝေလျံပြန်ကြားမိတော့ သူတို့မှာ ကိစ္စတစ်ခုခုရှိနေတယ်ဆိုတာ သဘောပေါက်သည်။ဘာကြောင့်များဒီခလေးတွေ အချစ်ရေးက ထင်သလောက်မလွယ်ကူရတာပါလဲ ဟင်း...
YOU ARE READING
🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing}
Romanceအချစ်တစ်ခုသာ လိုပါသည်...🍀 စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ပါရှင်။