Unicode
မြန်းကို အတင်းဆွဲထုတ်သွားကြတော့ မမြင်မစမ်းနဲ့ ဟိုနင်းဒီနင်းပါလာသည်။ပုံစံက မြန်းကို တစ်နေရာကိုခေါ်လာပုံပေါက်သည်။ဘယ်ကိုခေါ်လာမှန်းမသိသလို ဘယ်ထိခေါ်သွားမယ်မှန်းလည်းမသိရ။
"မင်းတို့ ငါ့ကိုလွှတ်ကြစမ်း ဘယ်သူတွေလဲ..."
"သောက်စကားမရှည်နဲ့ ထပ်အရိုက်ခံချင်တာလား..."
စကားများများပြောရင်ထပ်ရိုက်မဲ့အရိပ်အယောင်တွေမြင်ရတဲ့အခါ မြန်းထပ်မပြောရဲတော့။အရိုက်ခံရမှာကြောက်ပါသည်။တစ်လမ်းလုံးလည်း အရိုက်ခံလာရတာ နည်းတာမှမဟုတ်ဘဲ...
ခြေထောက်တွေလည်းနာကျင်နေကာ တစ်ခါတစ်ခါ ခြေလှမ်းတွေမှား၏။တစ်ခါတစ်ခါ ခလုတ်တိုက်လို့ ရှေ့ကို အားလွန်သွားတဲ့အခါလည်းရှိသည်။တစ်ကိုယ်လုံးလည်း နာကျင်မှုတွေအပြည့် ။နေ့လည်စာလည်း စားမဝင်သလို သူတို့ကလည်းမကျွေး...
Heat ရက်ဆို လူကအားနည်းလွန်းလို့ အားဆေးဖက်နေရတဲ့လူကို။ခုတော့ အားကပျက်နေပြီ..
ခဏကြာတော့ ကားပေါ်ရောက်သွားကာ ဘယ်နေရာကိုမှန်းမသိ ဆက်သွားပြန်၏။သူ့ကိုအလယ်မှာထားပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ လူတစ်ယောက်စီဝင်ထိုင်၏။ကြမ်းလိုက်တဲ့လမ်းက စကောထဲ လောက်စလုံးထည့်လှိမ့်နေသလိုပဲ...
"ဒီလောက် ဒဏ်ရာတွေကြားမှာတောင် အလှကပျက်မသွားဘူးနော်။ဖျက်စီးပစ်ချင်စရာလေး..."
မြန်းရဲ့ညာဘက်ဘေးကလူက မျက်နှာနားကပ်လာပြီး မရိုသေ့ စကားပြောလာသည်။ကြက်သီးတွေဖြန်းခနဲထသွားပြီး တစ်ကိုယ်လုံးအေးစက်သွား၏။အမှန်တိုင်းပြောရရင်ကြောက်ပါသည်။ဒိီအခြေနေမှာကိုယ်ကဘာမှာပြန်မလုပ်နိုင်ဘူး။ရင်ထဲမှာ ကိုးကွယ်ရာဘာသာကိုပဲတမိကာ မျက်နှာကိုတော့ ပျက်မသွားအောင်တင်းထားသည်။
သို့သော် စိတ်လှုပ်ရှားရင်ဖြစ်စေ၊ကြောက်ရင်ဖြစ်စေ ၊ချမ်းရင်ဖြစ်စေ အံကိုအသားကုန်ကြိတ်ထားတတ်တဲ့ မြန်းကခုလည်း သွားဖုံးတွေနာနေသည်အထိကြိတ်ထားမိသည်။
"အသက်နဲ့လဲပစ်မယ် မင်းငါ့ကိုထိရင်.!.."
"ဇ လေးနဲ့ဟ..."
YOU ARE READING
🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing}
Romanceအချစ်တစ်ခုသာ လိုပါသည်...🍀 စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ပါရှင်။