🍀37🍀

948 84 8
                                    

Unicode

တစ်ပတ်ကြာပြီးနောက်...

မြန်းတို့ အိမ်ခြံဝန်းထဲတွင်ဖြစ်သည်။
အချိန်အားဖြင့် ညနေ၄နာရီကျော်...

နေပူရှိန်အရမ်းမပြင်းတော့ဘဲ အေးအေး‌ချမ်းချမ်းရရှိလှသည်။
နဂိုတည်း ဒီရေမြေက အပူပိုင်းမဟုတ်ဘဲ အအေးပိုင်းမို့ သာမာန်နိုင်ငံတွေထက်အပူချိန်လျော့၏။

မြန်းရဲ့ ဒီစံအိမ်က ဆိတ်ငြိမ်နေရာထဲမှာပါသည်။အမြဲတမ်းလိုလို နားအေးပါးအေးနဲ့အေးချမ်းလှ၏။ခြံတော်တော်များများမှာ ပန်းပင်တွေ အပင်တွေနဲ့သာနေရာယူထားတတ်ကြပြီး အနားယူအပန်းဖြေသူများလည်း ‌သဘောကျတတ်သည်။

အေးအေးလူလူ အချိန်မှာ နှင်းဆီရုံတွေ နားက စားပွဲဝိုင်းမှာ မြန်းကထိုင်လို့...
စားပွဲပေါ်တွင် ပန်းသီးစိတ်ဖွေးဖွေးလေးတွေ ထည့်ထားပြီး ခက်ရင်းသေးသေးတပ်ထားတဲ့ အသီးဗူးလေး တစ်ဗူးရှိသည်။
ဘေးမှာတော့ မောင့် laptop နဲ့ဖုန်း...

မြန်းက ထိုင်ခုံကို ခပ်လျှောလျှောမှီကာ လက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်ထားသည်။

အိမ်ထဲက ဆင်းလာတာ စာအုပ်ဖတ်မလို့ဆိုပြီး စိတ်ကူးနဲ့..
သို့သော် စာရွက်လေးတွေက နေရာတစ်ခုတည်းမှာတင် ရှေ့ဆက်မတက်ဘဲ ရပ်တန့်ခြင်း ခံထားရသည်။

အကြောင်းကား...

"ဟိတ်ကောင်!!!ငါ့ဘောင်းဘီ ပြဲမယ်နော်..."

"ဝုတ် ဝုတ်!!..."

မျက်စိရှေ့က မြက်ခင်းပေါ်မှာ ဆော့နေတဲ့ လူဆိုးလေးနဲ့ ခွေးသားလေး...
စကားသံတွေကြားရသည်။ရယ်သံတွေကြားရသည်။အာဂျွန်ကြီး ခုန်ပေါက်မြူးတူးနေသည်။
ထူးထူးခြားခြား ဖြစ်မနေပါဘဲ မြန်းအတွက်က စာအုပ်ထဲတောင် အာရုံမရောက်နိုင်တဲ့အထိ...

"ရော့ မင်းသတ္တိရှိရင် ကိုက်လိုက်..."

Lucky က သူ့အရပ်အမြင့်ကြီးနဲ့ အာဂျွန်ဆော့နေ့ကျ အရုပ်ကြီးကိုမြှောက်ထားသည်။ခြေဖျားပါ ထောက်ထားသေး၏။
ဒါကို အာဂျွန်က အောက်ကနေ ခုန်စွခုန်စွ လှမ်းဟပ်သည်။
တစ်ခါလည်း မရ။
နှစ်ခါလည်းအရ...
သူစိတ်မရှည်တော့ပါ။

🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing} Where stories live. Discover now