Unicode
ဆေးရုံတွင်ဖြစ်သည်။
"အဟင့်...အီး...ကိုကြီး ထတော့လို့။ဟိုမှာ ကိုယ်ရံတော်ခေတ်တောင်သတိရနေပြီ ။ဘာလို့လဲဟင် ဘယ်နေရာမကောင်းလို့လဲ...ငယ့်ကိုသနားပါအုံး..."
လူနာကုတင်နှစ်ခုမှာ ကိုယ်ရံတော်သျှားရဲတစ်ဖက်ခြမ်းကနေ ငယ်တစ်ယောက် တတွတ်တွတ်ပြောနေသည်။ခုထိသတိရမလာသေးတာကို သူအားမလိုအားမရဖြစ်နေတာ။တကာ်လည်း ငယ်ကသနားဖို့ကောင်း၏။ကိုယ်ရံတော်ခေတ်ကို တတောက်လျှောက်လုံးမနားမနေပြုစုပေးတာ။အမှန်တိုင်းပြောရရင်ထည်ဝါမြတ်မင်းတောင် သူ့လောက်မပြုစုတတ်...
"ငယ်ရယ် လူနာကိုအဲ့လိုနှိုးလို့ဘယ်ရမလဲ။အိပ်နေတာမဟုတ်ဘူးလေ မေ့နေတာ..."
"ကိုထည့်လူကျဘာလို့စောစောသတိရနေတာ..."
သတိရတယ်သာဆိုတာ ညကသာတစ်ချက်သတိလည်လာပြီး ဆရာဝန်တွေစစ်ဆေးပြီးတာနဲ့ ပြန်မျက်စိမှိတ်သွားတာ ခုထိအိပ်နေလား မေ့နေတာလားတောင် မသဲကွဲ...
"ငယ့်ကိုကြီးက အရမ်းအခြေနေဆိုးလို့ သတိမလည်သေးတာလားဟင်..."
"မဟုတ်တာကွာ ဒီတိုင်းပဲ ပင်ပန်းသမျှတွေကို ခုမှအတိုးချပြီး အနားယူရတာမို့ပါ..."
ဟုတ်သော်ရှိမဟုတ်သော်ရှိ ထည်ဝါပြောလိုက်သည်။အဲ့ကျ ခဏစဉ်းစားသလိုနဲ့ ငြိမ်သွားပြန်၏။ငယ့်အမူအရာဘေးတွေက ခုမှ လုပ်တတ်ကိုင်တတ်စအရွယ်ခလေးတစ်ယောက်လိုပဲ ပုံစံလေးက ချစ်စရာ။သူဟာသူတွေးလိုက် ခေါင်းညိတ်လိုက်လုပ်နေ၏...
ထည်ဝါလည်း ကိုယ်ရံတော်ခေတ်ကို တစ်ချက်ကြည့်လိုက်သည်။
အရမ်းကြီးမညှက်သော်ငြား အရမ်းလည်းထွားမနေ။အရပ်ကရှည်တဲ့အထဲပါပေမယ့်ထည်ဝါနဲ့ Lucky ကိုတော့မမှီ..
ကိုယ်ကလည်း Omega မို့နုနုရွရွလေးမဟုတ်ဘဲ အထူးကိုယ်ရံတော်အဖြစ်လေ့ကျင့်ထားတာမို့ ဖွံ့ဖွံ့ထွားထွား...
ထည်ဝါမြတ်မင်း မျက်စိကျလို့သာကျနေတာ သမီးရည်းစားချင်းရန်ဖြစ်ရင် သူကပြန်ပြီးကိုင်ပေါက်ခံမဲ့အနေအထားမှာရှိသည်။ကိုယ့်အတွေးကိုယ်သဘောကျကာ ရင်ဘတ်ပေါ်ကစောင်ပိုင်းလေးကို သေချာနေရာပြန်ချပေးလိုက်၏။ရာသီဥတုက အေးတဲ့ဘက်ကူးလာပြီးမို့ အအေးမပတ်အောင် ဂရုစိုက်ပေးရမဲ့ အလုပ်တစ်ခုတိုးလာသည်။
YOU ARE READING
🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing}
Romanceအချစ်တစ်ခုသာ လိုပါသည်...🍀 စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ပါရှင်။