Unicode
ဝေဟင် အခန်းကိုပြန်ရောက်တော့ အတော်ကိုညနက်နေပြီ။သို့သော် ညဖက်မှပေါင်းတတ်တဲ့ တံခါးနှစ်ချပ်ကလည်း လိုလိုလားလား မပေါင်းဖက်ချင်သေး။ညကြီး စိတ်ထဲမှာအရမ်းတောင့်တနေတာက စီးကရက် တစ်လိပ်။
ကိုယ့်စိတ်ကို အလိုလိုက်စွာပဲ မသောက်ဖြစ်တာကြာနေပြီဖြစ်တဲ့ စီးကရက်ဘူးကို ယူကာတစ်လိပ်ထုတ်လိုက်သည်။
ရံဖန်ရံခါ စိတ်ရှုပ်ထွေးတတ်တဲ့အခါများမှာသာသောက်ချင်စိတ်ရှိတတ်တဲ့ ဒီစီးကရက်ဟာ ခုလိုအချိန်မှာလည်း သောက်ချင်နေပြန်ပြီ။စိတ်ရှုပ်စရာရှိလို့လား မေးလာရင်တော့ ငြင်းရပါလိမ့်မည်။အခန်းရဲ့ ဝရံတာကိုထွက်ပြီး မီးညှိကာ အဆုတ်ထဲရှိုက်သွင်းလိုက်တော့ သိပ်လွမ်းနေရတဲ့ ဒီအရသာက အရင်လို နှစ်လိုဖွယ်ကောင်းနေပြန်သည်။တစ်ချက်ချင်းရှိုက်ကာ အငွေ့တွေကို ပင်လယ်လေနဲ့ မျောလွင့်စေရင်း...
"မထိတာ ကြာနေတာတောင် မင်းကအရင်အတိုင်းကောင်းတုန်းပဲ ငါ့ကောင်ကြီး..."
လက်တစ်ဖက်ကို ဝရံတာဘောင်ပေါ်ထောက်ကာ တစ်ဖက်ကို နှုတ်ခမ်းနဲ့ နီးလိုက်ခွာလိုက်လုပ်နေရင်း သွားတွေးမိတာက သူ့အကြောင်း...
သူကောင်းကောင်းအိပ်ပျော်နေရဲ့လား...
အိမ်မက်ဆိုးတွေများ မက်နေရင်ရော...
ဝေဟင်ကိုကိုရေ မင်းမျက်လုံးနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမြင်တာတောင် စိတ်မချနိုင်ဘူးလား...
မင်းတော့ တော်တော်ခက်နေပါပြီလို့ ဦးနှောက်ကပြန် သတိပေးတော့ သူနှာတစ်ချက်မှုတ်လိုက်မိသည်။အကွင်းလေးရှိနေတဲ့ ညာဘက်နှုတ်ခမ်းကို အပေါ်နည်းနည်းဆွဲတင်ကာ ပြုံးလိုက်ပြီး ရောက်တတ်ရာရာဆက်တွေးနေမိသည်။
ခုချိန်လောက်ဆို ငယ်ငယ်ဘာလုပ်နေမလဲ...
ပါပါးကရော ဒယ်ဒီ့ရင်ခွင်ထဲမှာ အိပ်ပျော်နေပြီလား...
ဒယ်ဒီကရော အလုပ်တွေပင်ပန်းပြီး အနားယူနေမလား...
ဒါဆို သူကရော အိပ်ရာဖြူဖြူလေးထက်မှာ အေးချမ်းစွာ အိပ်ပျော်နေရင်း ကိုယ့်စိတ်ကို ခိုးယူနေပုံလေးက ကျေနပ်ချင်စရာ...နောက်ဆုံးတော့ အတွေးက သူ့ဆီပဲရောက်သွားပြီး မေတ္တာတရားတွေပိုမိတဲ့အခါ၊ချစ်စိတ်တွေတရိပ်ရိပ်တက်လာတဲ့အခါမှာတော့ လူငယ်တို့ရဲ့သဘာဝ၊သန်စွမ်းသောယောကျာ်းပျိုတို့ရဲ့ သဘာဝက ဆန္ဒပြလာသည်။
YOU ARE READING
🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing}
Romanceအချစ်တစ်ခုသာ လိုပါသည်...🍀 စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ပါရှင်။