🍀27🍀

1.3K 81 3
                                    

Unicode

ခွဲစိတ်ပြီးတာ ဒီနေ့နဲ့ဆို 5ရက်ရှိပြီ။ဝေဟင်က အနားမှာအမြဲရှိပေးနေပြီး ဆေးရုံဆင်းပြီဖြစ်တဲ့ ကိုယ်ရံတော်ခေတ်ကတော့ ရံဖန်ရံခါ လူလဲစောင့်ပေးသည်။
ကုတင်ပေါ်က ဆေးရုံဝတ်စုံနဲ့ ဧကန်လေးကတော့ မျက်စိနှစ်ဖက်ကို ပတ်တီးဖွေးဖွေးနဲ့ နောက်ဘက်အထိသိုင်းစည်းထားသည် ။နိုးတဲ့အချိန် စကားထပြောတတ်ပေမယ့် အိပ်နေချိန်ကများသည်။
နဂိုကမှ အိပ်ပုပ်နေသူက‌ ခုတော့ဆေးရှိန်နဲ့ဆိုတော့ ပိုအိပ်ကောင်းပေါ့။

ထိုအချိန်ဆို ဝေဟင်တစ်ယောက်တည်း laptop တစ်လုံးနဲ့ လချုပ်စာရင်းတွေစစ်နေတတ်သည်။လိုတာတွေကို ပြန်ညွှန်ကြား၏။အလုပ်လုပ်ဖြစ်တာ ဒီအချိန်မှသာ။ဟိုဘက်က လုပ်ငန်းတွေလဲ လူယုံတွေမို့လို့ပေါ့ မဟုတ်ရင် တစ်လလောက်ကြာမှ အလုပ်လုပ်တဲ့ CEOကြီး မွဲတာကြာပြီ။
ခတ္တမှာဆို ဝေဟင်တို့မိသားစုရဲ့ အရှိန်အဝါကမသေးတာမို့ တော်ရုံလိမ်လည်မှုမျိုးမလုပ်ရဲကြ။
ဒယ်ဒီတို့ပါပါးတို့ အရှိန်အဝါအပြင် ဝေဟင်ကလည်း training ကုမ္ပဏီနဲ့ တခြားလုပ်ငန်းတွေလည်း လုပ်တာမို့ သူ့အရှိန်အဝါနဲ့သူဖြစ်နေသည်။

လူတိုင်းမသိတဲ့ ဝေဟင်ရဲ့စီးပွားရေးတစ်ခုက ပန်းစိုက်ပျိုးရေးပင်။မြို့ပြင်လိုနေရာမျိုးတွေမှာ မြေဧကပေါင်းများစွာဖြင့် ပန်းစိုက်ပျိုးရေးလုပ်သည်။ရှားပါးပြီး ဈေးကြီးတဲ့ပန်းတွေသာစိုက်တတ်ပြီး ပညာရှင်များဖြင့် မျိုးတွေရောစပ်ကာ အများနဲ့မတူအောင်လုပ်သည်။အဓိက သူများနဲ့မတူတဲ့ အရည်အသွေး အမျိုးအစား အရောင် အနံ့တွေကြောင့်ပင် လူကြိုက်များသည်။။
ထိုခြံတွေမှာ ရာထူးအဆင့်ဆင့်ခန့်ထားပြီး နှစ်လတစ်ခါ တစ်လတစ်ခါလောက်သာ ကိုယ်တိုင်သွားကြည့်ဖြစ်သည်။
မြို့တွင်းရှိ service တွေ၊ ပန်းဆိုင်တွေနဲ့ချိတ်ဆက်ပြီး တစ်ပြည်လုံးနီးပါးကို ဖြန့်သည်။
အရည်အသွေးကောင်းအောင်စနစ်တကျစိုက်ပျိုးကြတာမို့ သူ့ခြံကထွက်တဲ့ပန်းတွေဟာ ဘောင်ဝင်တန်းဝင်တွေချည်း။

ခုတော့ စာရင်းတွေစစ်ရင်း ပန်းမျိုးတစ်ခုကိုပါ စပ်ကြည့်ဖို့ ခြံကပညာရှင်တွေနဲ့ညှိနှိုင်းနေသည်။

🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing} Where stories live. Discover now