🍀8🍀

2.3K 112 11
                                    

Unicode

"တီ...တီ..."

"Hello ပါပါး..."

"သားကြီး Lucky အိပ်တုန်းလား..."

"ဟုတ်ကဲ့ပါပါး..."

"အဲ့မှာ ငယ်ငယ်ရယ်လေ အတင်းပြန်မယ်လုပ်နေလို့ ပါပါးပြန်လွှတ်လိုက်ရတယ်‌။ရောက်ရင်ပါပါးကို အကြောင်းကြားအုံး..."

"ရအောင်ခေါ်ထားတာမဟုတ်ဘူး ပါပါးရယ်။သူအန္တာရာယ်များနေမှာစိုးလို့..."

"ပါပါးလည်း တားမရ၊မင်းတို့ ဒယ်ဒီလည်းတားမရ၊ကိုကြီးလည်း ရှိတယ်၊ဖုန်းထဲကဟာတွေလည်း ပြရအုံးမယ်ဆိုပြီး တားမရဆီးမရပြန်သွားတယ်...ဟင်း..."

"ပါပါးတို့ မနိုင်တော့ဘူးမို့လား..."

"‌ဟုတ်တယ် သားကြီးရယ်။ဒါနဲ့ သူခဏခဏပြောနေတဲ့ ကိုကြီးဆိုတာ ဘယ်သူလဲ..."

"အဲ့တာ ပါပါးသားမနိုင်စိန်က သူများကိုယ်‌ရံတော်ကို ‌သဘောကျနေတယ်ထင်တယ်။သေချာမသိသေးဘူး..."

"တစ်ခုခုဆို ထိန်းအုံးနော် သားကြီး..."

"ပါးစပ်နဲ့ ပြောမရရင်လက်နဲ့ထိန်းမယ်..."

"မင်းဒယ်ဒီကို မကြောက်ရင်လုပ်သာလုပ်..."

"တကယ်လုပ်ရမှာလား ပြီးရင်ပါပါးပဲ ငယ်ငယ့်ကို အနိုင်မကျင့်ပါနဲ့ဆိုပြီး ဒယ်ဒီ့အရင်ဆီးဟောက်တာလေ..."

"သားကြီးကလည်း...မဟုတ်ပါဘူး..."

"ပြောတာပါပဲ..."

"ဒါနဲ့ သားကြီးရော rut ကာလနီးပြီနော်။ပြန်မလာအားလည်း အဲ့ကာလကို သတိထား။ထည်ဝါကို ပါပါးပြောထားအုံးမယ်...ကူညီရအောင်။ဘယ် Omega နားမှမနေနဲ့နော်..."

"ကျွန်တော် ကလေးမဟုတ်တော့ပါဘူး ပါပါးရယ်..."

"မတော်မတန်တာတွေနဲ့ တွေ့မှာစိုးလို့ပါ..."

"တော်တော်တန်တန်လေးတော့တွေ့ထားတယ် ပါပါး။ စိတ်ချ..."

"ဒါဆို ပြန်အိပ်တော့နော် နောက်မှ ပါပါးထပ်ဆက်မယ်..."

"ဟုတ်...တီ..."

ပါပါးနဲ့ ပြောပြီးတော့ဝေဟင်အိပ်ရာကလူးလဲထလိုက်သည်။ပြန်လည်းမအိပ်ချင်တော့...

🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing} Where stories live. Discover now