Unicode
Bar ကိုရောက်တည်းက ထောင့်ကျဝိုင်းတစ်ခုမှထိုင်လိုက်သည်။ခုအစီအစဉ်က ခနအပျင်းပြေလာတာ ။မိုးချုပ်ခါနီး ကျရင်ပြန်မည်။ဝေဟင် ဖုန်းလှမ်းဆက်ပြီးမကြာခင်ပဲ လူနာစောင့်နှစ်ယောက်က ရောက်လာသည်။မျက်နှာတွေက တစ်ယောက်မှရွှင်ရွှင်ပျပျမရှိ။
ငယ်ငယ်ကသူ့ကိုကြီး သတိမရသေးလို့ စိတ်ညစ်နေတာ ဟုတ်ပါပြီ။ဒါဆို ထည်ဝါမြတ်မင်းက ဘာဖြစ်နေပြန်ပြီလဲ...
သူတို့ကြည့်ရတာ ရည်းစားပူမိနေမှန်း သိသာလှစွာ။ဒီချိန်မှာ Lucky တစ်ယောက်ပဲသာယာတယ်။ဘာဘဲပြောပြောသူတို့ထက် က်ိုယ်က ပိုအဆင်ပြေတယ်မို့လား..."ငယ်ငယ် သောက်လှချည်လား..."
ရောက်တည်းက တစ်ခွက်ပြီးတစ်ခွက် မနားတမ်းကိုင်နေတဲ့သူကို ထည်ဝါပြောလိုက်တော့ ခေါင်းတစ်ချက်သာငြိမ့်လာသည်။စကားမပြော...
ဝေဟင်ကိုကိုလည်း တစ်ခွက်ကို ဇိမ်ခံသောက်ရင်း မျက်လွှာပင့်ကြည့်လိုက်သည်။ငယ်ကစုစုပေါင်းမှလက်တစ်ဆုပ်စာမျှရှိသော အသားပျော့ရှပ်အကျီအနီရောင်လေးကို ဘောင်းဘီအရောင်ရင့်တစ်ထည်နဲ့တွဲဝတ်ထားသည်။ကိုယ်လုံးပေါ်တင်ယုံမျှ ကြယ်သီးအကုန်မတပ်ဘဲ ကပိုကရိုလေးဝတ်ထားတာကြောင့် တမျိုးလေးဆန်းနေ၏။လည်ပင်းမှာ ခပ်သေးသေး ဆွဲကြိုးလေးက တလက်လက်ထနေပြီး ကြည့်ကောင်းအောင်ပိုဖန်တီးပေးသည်။လူက သွယ်ပေမယ့် အရပ်ကတော့အရမ်းပုတဲ့အထဲမပါ။အသားဖြူဖြူလေးကို အနီဆင်ထားတော့ တကယ့် ကြည့်လို့ကောင်းတဲ့အရုပ်လေးချထားသလို။ခုတော့ ထိုအရုပ်လေး အရက်ပဲစွတ်သောက်နေ၏။အကိုတွေနဲ့မို့ သောက်နေတာ စိတ်ချလက်ချ...
"မင်းဒါနဲ့ဆို ၆ခွက်။မခံနိုင်ပဲနေမယ်..."
မနေနိုင်တဲ့ထည်ဝါကဝင်ပြောတော့ ဘာမှမဖြစ်ဘူးဆိုတဲ့အထာနဲ့ လက်ကာပြပြန်သည်။သူ့အကိုကတော့ စိုက်ကြည့်နေပြီးဘာမှမပြော။ကြားထဲကထည်ဝါ စိတ်ရှုပ်လာရသည်။အကြီးကပဲ ဦးနှောက်လွတ်နေတာလား အငယ်ကပဲပျက်နေတာလားမသိ တော်တော်ကြောင်တဲ့ အမွှာတွေ...
"တော်သင့်ပြီ ဒီခွက်ကုန်ရင်..."
"ငယ့်ကို သောက်ခွင့်ပေးပါ ဒီညတော့...မသောက်တာကြာလို့အရမ်းလွမ်းနေတာ ဒီအရသာလေးကို...အဟင်း..."
YOU ARE READING
🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing}
Romanceအချစ်တစ်ခုသာ လိုပါသည်...🍀 စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ပါရှင်။