Unicode
လူတစ်ကိုယ်လုံးကို ချီပိုးထားရပေမယ့် ဝေဟင်ရဲ့ခြေလှမ်းတွေဟာ သွက်လက်ပေါ့ပါးနေသည်။အလုပ်တစ်ခုအောင်မြင်သွားတာကြောင့်လည်းဖြစ်နိုင်သည်။ရင်ခွင်ထဲကဟာလေးကြောင့်လည်း ဖြစ်နိုင်သည်။မခံမရပ်နိုင်စွာ ရင်ဘက်ကိုကိုက်ခဲထားပုံက တကယ့်ခွေးပေါက်လေးလို...
တစ်ကိုယ်လုံးနီရဲပြီးပူခြစ်နေသည့်အပြင် တအင်းအင်းနဲ့ငြီးငြူကာ သူ့ရင်ဘက်တစ်ပြင်လုံးလက်ကလေးကအငြိမ်မနေ။ပါးစပ်ကကိုက်ခဲပြီး လက်ကပါ ဟိုပွတ်ဒီပွတ်...
ကြာတော့ ဒီလူရဲ့သမာဓိက ယိုင်နဲ့နဲ့ဖြစ်လာရသည်။"ခင်ဗျားကတော့နော်။ဆက်လုပ်နေရင် ကျုပ်ကိုယ့်ကိုယ်ကို မထိန်းနိုင်ပဲဖြစ်တော့မှာပဲ..."
"ဟင့်...မ...အင့်...ထိန်း...နဲ့..."
"ဘာကြီး...ကျယ်ကျယ်ပြော..."
"အင်း...ဟင့်... Luck... Lucky...ပူ...တယ်...တစ်...ကိုယ်လုံး..."
"ဗလုံးဗထွေးနဲ့ဘာပြောချင်တာလဲ...သေချာမကြားရဘူး..."
နားမလည်လို့ပြန်မေးတာကို သူကပဲစိတ်တိုကာ ရင်ဘက်ကိုလက်သီးဆုပ်လေးနဲ့ တဒုတ်ဒုတ် ထုနေပြန်သည်။သူပြောတာမသိရကောင်းလားပေါ့...
ဝေဟင် အားလုံးမှာပြီးတာနဲ့ ကြည့်လို့အမြင်မခံနိုင်တာလေးကို ချီပိုးရင်း ရဟတ်ယာဉ်ပေါ်တက်ခဲ့တော့သည်။ရဟတ်ယာဉ်က လူနှစ်ယောက်စာ ကျယ်ကျယ်ဝန်းဝန်းဆံ့သည့်အပြင် တစ်ခုခုလုပ်ဖို့ပါချောင်ချောင်လည်လည်ရှိ၏။
ရဟတ်ယာဉ်ပေါ်ရောက်တော့ ကိုယ့်ဘေးနားချကာ ရင်ခွင်ထဲခဏမှေးခိုင်းထားမယ်ပေါ့။အတွေးနဲ့တက်တက်စင်အောင်ကို လွဲသည်။ဝေဟင် စထိုင်ဟေ့ဆိုတည်းက ပေါင်ပေါ်ခွထိုင်ထားကာ လည်ပင်းကို သိုင်းဖက်ထားသည်လူ...
"ခဏ...ဆင်းအုံးလေ...ရောက်ရင် ကိုယ်သက်သာအောင်လုပ်ပေးမယ်..."
"ဘာ...ဘာ...အင်း...လုပ်...မှာ..."
"ဟမ်...တစ်ခုခုပေါ့ ဆေးနဲ့ထိန်းပြီး..."
"ဖြန်း!!!..."
ဝေဟင်မျက်စိတောင်ပြာသွားသည်။ခုသူပါးရိုက်ခံလိုက်ရတာလား။မမြင်မစမ်းနဲ့မို့ ရိုက်ချက်က မေးရိုးကိုပါထိသည်။သူများပေါ်လည်းတက်ထိုင်ပြီး ကယ်လာပေးတဲ့လူကို သူကပါးရိုက်လိုက်တာလား...
ဒီလူ စိတ်လွတ်သွားတာဖြစ်နိုင်၏...
YOU ARE READING
🍀Prince's Husband (or)ရွှေမျက်နှာတော် ညှိုးမှာစိုး🍀{Ongoing}
Romanceအချစ်တစ်ခုသာ လိုပါသည်...🍀 စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ပါရှင်။