8

470 91 4
                                    

[Unicode]

ထိုစကားလုံးများကို ရှဝမ်နန် ပြောအပြီး မီးရောင်မှိန်မှိန်အောက်တွင် မင်လုချွမ်းကို စိုက်ကြည့်ရင်း ထိုသူ့ဆီမှ တုံ့ပြန်စကားကို စောင့်နေမိသည်။

သို့ပေသည့် မင်လုချွမ်းက အမှုမထားသလို ဆိုလာ၏။

"သိပြီ"

ဆေးရုံမှထွက်လာစဉ် ရှဝမ်နန်စိတ်ထဲ အိမ်ပြန်ဖို့ အတွေးတစ်ခုတည်းကြီးစိုးနေပြီး ထိုအိမ်ဆိုသည်မှာလည်း သူ ပြန်အလာကို အမြဲစောင့်ကြိုနေတတ်သော တစ်စုံတစ်ယောက်ရှိသည့်နေရာတစ်ခုဖြစ်ခဲ့သည်။ အခုကျမှ သူ သဘောပေါက်သွားသည်မှာ အိမ်သော့သည် သူ့အပိုင်ပစ္စည်းမဟုတ်ခဲ့ချေ။

ဘယ်နေရာမှာ သိမ်းထားမှန်းတောင် သူ မသိတော့။

မင်လုချွမ်းက သူ့ကို နှုတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက်

"အခု ဘာလုပ်မလဲ"

အတိတ်တုန်းကလိုဆိုရင်တော့ ရှဝမ်နန်က အိမ်မပြန်လျှင် သူ၏တစ်ခုတည်းသော ဦးတည်ရာမှာ တက္ကသိုလ်ပင်။

ဒါပေမယ့် အခု ဒီမေးခွန်းအတွက်ဆို ဘယ်လိုမှမဖြစ်နိုင်တဲ့ အဖြေပဲ မဟုတ်ဘူးလား။

ဦးနှောက်ခြောက်လျက် ရှဝမ်နန် ဘာမှပြန်မပြောနိုင်ဘဲ မင်လုချွမ်းကို ကြည့်နေမိပြီ။

ရုတ်တရက် မင်လုချွမ်းက လှည့်ထွက်ကာ အောက်ထပ်သို့ ဆင်းသွားတော့သည်။

ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ရှဝမ်နန် ထိုသူ့ဆီ ခြေလှမ်းတစ်ဝက်လောက် တိုးကပ်သွားပြီးမှ ဗြုန်းစားရပ်တန့်လိုက်ရကာ၊ မင်လုချွမ်းတစ်ယောက် လှေကားထစ်ကို တစ်ထစ်ချင်း နင်း၍ အောက်ထပ်သို့ဆင်းသွားသည်အား ကြည့်နေမိသည်မှာ ထောင့်ချိုးတစ်ခု၌ ထိုသူ့နောက်ကျောပြင် ပျောက်ကွယ်သွားသည့်တိုင်အောင်။ လူရှင်းနေသော ကော်ရစ်ဒါတွင် လှေကားတစ်လျှောက်ဆင်းသွားသော မင်လုချွမ်း၏ခြေသံကို မရပ်တမ်း ကြားနေရသည်မို့ ရှဝမ်နန် မနေနိုင်တော့ဘဲ လှေကားလက်ရန်းကို မှီလိုက်ကာ၊ ဟရာကြားကနေ အော်ပြောမိလေပြီ။

"မင်း ထွက်သွားတော့မှာလား"

မင်လုချွမ်း တကယ်ကြီး ဒီလိုထွက်သွားလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးဖူးခဲ့။ သူတို့ကြားမှာ မသဲကွဲသေးသော ကိစ္စများစွာ ကျန်ရှိသော်လည်း ဤမျှလောက် စက္ကန့်ပိုင်းအတွင်းမှာ အားလုံးဖြေရှင်းဖို့ နည်းလမ်းမရှိသဖြင့် ရှဝမ်နန် အော်လိုက်ရုံသာ တတ်နိုင်တော့သည်-

One-way Passage || ဘာသာပြန်Where stories live. Discover now