25

394 76 3
                                    

[Unicode]

Civil affairs bureau ရှေ့တွင် ရှဝမ်နန်တစ်‌ယောက်တည်း ခဏလောက် သုန်မှုန်စူပုပ်နေပြီးနောက် အဆုံးမှာတော့ လှည့်ထွက်ခဲ့ရသည်။ မတိုင်ခင် ရွှီဖုန်း ဝယ်ပေးခဲ့သော အဝတ်အစားများကိုပဲ သူ ဝတ်ဆင်ထားဆဲဖြစ်ကာ အိတ်ကပ်ထဲမှာလည်း ဖုန်းကလွဲလို့ ပိုက်ဆံတစ်ပြားမှမရှိ။

မြို့တော်မှာ ကျယ်ပြောလှသည် : ဒီက သူ့အမည်ခံအိမ်အပေါ်ဆုံးတွင် ကိုယ်ပိုင်တိုက်ခန်းရှိသော်လည်း ယခုအခိုက်အတန့်မှာတော့ ဘယ်သွားလို့သွားရမှန်း မသိသည့် လမ်းပျောက်မှုမျိုးကို သူ ခံစားလိုက်ရ၏။

သို့နှင့် ရှဝမ်နန် မင်လုချွမ်း၏တိုက်ခန်းကိုပဲ ပြန်ရောက်လာရသည်။ ရေမိုးချိုး၊ အဝတ်အစားလဲပြီးနောက် စူပါမားကတ်ကနေ ဝယ်လာသော ဆိုဒါတစ်ဘူးနှင့် စားပွဲခုံရှေ့မှာ တင်ပျဉ်ခွေထိုင်လိုက်၏။

ဆိုဒါဘူးအဖုံးကို ဖွင့်လိုက်လျှင် ရှူးခနဲ အမြှုပ်များ တစီစီထသွားသည်။ ရှဝမ်နန် အခုမှ နည်းနည်းပိုပြီး စိတ်သက်သာရာရသွားသလိုပင်။ လက်ပ်တော့ဖွင့်ပြီးနောက် လိုင်းပေါ်တက်ပြီး မင်ယန်အကြောင်းကို ရှာကြည့်သည်။

အရင်တစ်ခေါက်ရှာတုန်းက မင်လုချွမ်းဟာ မင်ယန်၏ ဥက္ကဌဖြစ်မှန်း မမျှော်လင့်ဘဲ သိရှိလိုက်ရပြီး သူ့အာရုံကို ထွေပြားသွားစေခဲ့တာပင်။ မင်ချင့်ကို တွေ့ဆုံအပြီး ဒီတစ်ခါတော့ မင်ယန်နှင့် မင်မျိုးရိုးဝင်များအကြောင်း သိချင်စိတ်က တော်တော်လေးကို ပြင်းပြလာခဲ့ပြီ။

မင်ယန်ကို တည်ထောင်ခဲ့သူက အမှန်ပဲ မင်ချင့်ဖြစ်ကာ သည်မတိုင် luxuary brand တစ်ခုအတွက် ရေမွှေးထုတ်လုပ်သူအနေနှင့် အလုပ်လုပ်ခဲ့ဖူးသည်တဲ့။ မင်ယန်ကုမ္ပဏီကို တည်ထောင်ခဲ့သည်မှာ လွန်ခဲ့သော ဆယ်နှစ်လောက်က။ စတင်ပေါ်ထွက်လာသည့် ပထမဆုံးနှစ်၌ အိုမီဂါရေမွှေး Summertime Snowfield က နိုင်ငံတကာဆုရရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် မင်ယန်က အမွှေးတိုင်များ၊ ရေချိုးဆပ်ပြာဂျယ်လ်များ၊ အဝတ်အစားနှင့် အလှကုန်ပစ္စည်းများကိုပါ ထုတ်လုပ်ပြီး စီးပွားရေးချဲ့ထွင်ခဲ့သည်။

မင်ယန်သည် မင်ချင့်၏ကွပ်ကဲမှုအောက်မှာ ဆယ်စုနှစ်တစ်စုကြာ လည်ပတ်ခဲ့ပြီး ထိုအတောအတွင်းမှာလည်း ထုတ်ကုန်အသစ်များကို တီထွင်ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ပေ။ ရေမွှေး‌အဟောင်းများကသာ best seller အနေနှင့် ကျန်ရစ်ပြီး မင်ယန်၏နာမည်သည်လည်း တဖြည်းဖြည်း အမေ့ပျောက်ခံ မှေးမှိန်သွားခဲ့သည်။ ဈေးကွက်ထဲတွင် လူငယ်တွေ၏ အကြိုက်ကို ထင်သလောက် မလိုက်နိုင်တော့။

One-way Passage || ဘာသာပြန်Donde viven las historias. Descúbrelo ahora