UNICODE
မင်လုချွမ်းက ရှဝမ်နန်ကို medical check-up လုပ်ဖို့အတွက် ဆေးရုံသို့ ကားမောင်းလိုက်ပို့ပေးသည်။
အရက်အလွန်အကျွံသောက်ရာမှ မအီမသာဖြစ်မှုကြောင့် ရှဝမ်နန်တစ်ယောက် မောင်းသူဘေးမှ ခုံတွင် ခွေခေါက်ကျနေပြီး ကားပြတင်းမှန်ကိုပါ နဖူးနှင့် ထိထားမိသည့်အဖြစ်။ အလုံပိတ်ထားသော ကားအတွင်းထဲ၌ ရှဝမ်နန် သူ့ကိုယ်မှ အရက်နံ့ကို ရနေဆဲဖြစ်သည်။ ရေချိုးပြီးလို့ အဝတ်အစားလဲပြီးတာတောင် မပျောက်ပြယ်သွား။ ကားမှန်ကို လေဝင်သည်ဆိုရုံမျှ တိုးတိုးတိတ်တိတ် အသာလေး ချလိုက်ရသည်။
ပွင့်လာသော ဟရာကျဉ်းမြောင်းမြောင်းမှတစ်ဆင့် လေအေးတဖြုတ် တိုးဝင်လာလျက်။
ရှဝမ်နန် မင်လုချွမ်းကို လှည့်ကြည့်လိုက်တော့ ထိုသူက ကားမောင်းခြင်းအမှုကိုပဲ အာရုံစူးစိုက်နေသည်။ သူ့ဘက်ကို အကြည့်တစ်ချက်တောင် ငဲ့မလာခဲ့။
နေလို့ထိုင်လို့ မကောင်းသည်မို့ ရှဝမ်နန် ကိုယ့်နဖူးကိုယ် ပွတ်ရင်း ခေါ်လိုက်သည်-
“မင်လုချွမ်း”
မင်လုချွမ်းက သူ့ကို လျစ်လျူရှုထားမြဲ။
ရှဝမ်နန် ဆက်ပြောလိုက်သည်။
“ငါ့ကား ဘာဖြစ်သွားလဲ”
“ဘာကို”
နောက်ဆုံးတော့ မင်လုချွမ်းက အေးတိအေးစက် အဖြေပေးလာပေပြီ။
“ငါ အဲ့ကားကို မောင်းနေတုန်း ကားအက်ဆီးဒင့်ဖြစ်ခဲ့တာမလား၊ ကား ဘာဖြစ်သွားလဲလို့”
“ကိုယ် ပြောမယ်...မင်းက ကားအက်ဆီးဒင့်ဖြစ်ခဲ့တာလေ၊ အဲ့အဖြစ်အပျက်အပြီးမှာ မင်းကား အကောင်းအတိုင်းကျန်မယ် ထင်နေတာလား၊ မနုံအစမ်းပါနဲ့”
ရှဝမ်နန်က မော့ကြည့်လာသည့်နောက်
“ငါ့ကား ပျက်စီးသွားပြီပေါ့?”
“ပြန်ပြုပြင်ဖို့ ပို့ထားတယ်”
“ဪ”
ရှဝမ်နန် အခုမှ စိတ်သက်သာကာ ဟင်းခနဲ သက်ပြင်းချနိုင်သည်။
“သုံးစားမရအောင် ပျက်စီးသွားပြီ ထင်နေတာ၊ ပြင်တာ ဘယ်တော့ ပြီးမယ်တဲ့လဲ”
ŞİMDİ OKUDUĞUN
One-way Passage || ဘာသာပြန်
Romantizm[ Alpha×Beta ] * Cover photo credit to original artist. Start Date - 30.4.2024 End Date -