30

435 63 3
                                    

UNICODE

တစ်ခဏလောက်ကြာသည်အထိ ရှဝမ်နန် ရှော့ခ်အကြီးစားရသွားခဲ့၏။

မေးခွန်းမေးပြီးနောက် လင်ရှုချိုးက နှုတ်ဆိတ်သွားခဲ့ကာ ခွက်ကောက်ကိုင်၍ လက်ဖက်ရည်ကိုပဲ အသံတိတ် သောက်နေသည်။

အိပ်ဆေး။

ကားအက်ဆီးဒင့်။

မင်လုချွမ်း...

ရှဝမ်နန် စိတ်တွေ သပွတ်အူလို ရှုပ်ထွေးနေပြီ။ ကားအက်ဆီးဒင့်ဖြစ်ခဲ့သောည၌ သူ မင်လုချွမ်းတို့အိမ်မှာ ညစာစားခဲ့သည်ဆိုသောအချက်အား အမှတ်ရသွား၏။

တစ်ယောက်ယောက်က သူ့ကို အိပ်ဆေးခပ်ခဲ့တာလား၊ ဒါမှမဟုတ် သူ့စိတ်နဲ့သူ သောက်ခဲ့တာလား။

“မင်း ဒီအကြောင်းကို ရဲတွေဆီ သတင်းပေးချင်လား”

ထိုမေးခွန်းကို လင်ရှုချိုး မေးသည့်အခိုက် ရှဝမ်နန် ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ဖုန်းထုတ်မိသွားသည်။ ဖုန်းစခရင်မ်ပေါ် သူ့မျက်ဝန်းများ ကျရောက်သွားကာ အသာလေး ဖြည်းဖြည်းချင်း ရွှေ့နေမိရင်း။ ဦးစွာ ရဲကို ခေါ်မည်ပြုပြီးကာမှ ဘာကြောင့်ရယ်မသိ Contact list ကို ထိလိုက်မိတော့ ထိပ်ဆုံးက ‘M’ဟု မှတ်ထားသည်အား သွားမြင်လေပြီ။

တိုက်တိုက်ဆိုင်ဆိုင် သူ့ဖုန်းမြည်လာကာ မျက်နှာပြင်၌ ပေါ်နေသော အဝင်ကောလ်က ‘M’ဟူ၍။

ရှဝမ်နန် ဖုန်းဖြေလိုက်ရာ ‘ဟယ်လို’ဟု ထူးလိုက်သော သူ့အသံသူ ကြားရသည်။

“မင်း ဘယ်မှာလဲ” မင်လုချွမ်းက ခါတိုင်းလိုပင် မှင်သေသေလေသံနှင့် မေးခြင်း။

မိန်းမောတွေဝေနေရာမှ ရှဝမ်နန် ဆတ်ခနဲ အသိဝင်သွားရ၏။ မျက်နှာချင်းဆိုင်မှ လင်ရှုချိုးကို ဖျတ်ခနဲ အကဲခတ်လိုက်တော့ ထိုသူက သူ့ကို နည်းနည်းမှကြည့်မနေဘဲ  ခေါင်းငုံ့ကာ ဖုန်းမျက်နှာပြင်ကိုပဲ စိုက်ကြည့်ပြီး တစ်ချက်တစ်ချက် လက်ဖက်ရည်သောက်နေသည်။

“ငါ ပြောသားပဲ၊ ငါ့အတန်းဖော်နဲ့ ညစာစားနေတာလို့”

သိသာထူးခြားနေတာမျိုးမရှိသောအသံနှင့် သူ မင်လုချွမ်းကို ပြောလိုက်၏။

One-way Passage || ဘာသာပြန်Where stories live. Discover now