39

415 66 2
                                    

UNICODE

ညနေခင်းဖြစ်သော်ငြား လေတသုန်သုန်တိုက်နေဆဲ။ မျက်နှာပေါ် တဖျတ်ဖျတ်တိုက်ခတ်နေသော လေကြောင့်ရော၊ အရက်သောက်ထားသည့်အရှိန်ကြောင့်ပါ ရှဝမ်နန် ပါးတွေ စိမ့်တိမ့်တိမ့်ခံစားနေရပြီး စိတ်တွေ ထွေပြားနေသည်။

သွမ့်နင်က အရက်မသောက်ပေ။ သူ့လက်ထဲမှာ သစ်သီးဖျော်ရည်တစ်ခွက်ကိုပဲ ကိုင်ထားပြီး-

“လုချွမ်းက သူ့ငယ်ဘဝအကြောင်းကို သူကိုယ်တိုင်ပဲ ဝမ်နန်ကို ပြောပြပါလိမ့်မယ်၊ ငါက များများစားစားသိတာမှမဟုတ်တာ”

သွမ့်နင်မျက်နှာမှ အပြုံးက မှိန်လျော့သွားလျက် စကားပြောရတာ မောပန်းသွားသလိုနှင့် ကိုယ်ကို အနောက်သို့ မှီထိုင်လိုက်သည်။

“သူ့ကို ငယ်ဘဝအကြောင်းတွေ ပြောပြပြီးပြီ”

မင်လုချွမ်းက စိတ်မဝင်စားသလိုလေသံဖြင့် ဖြတ်ပြောလိုက်သည်။

မင်စီယန်းက ရှဝမ်နန်အနားသို့ အသာတိုးသွားကာ

“ဝမ်နန် မေ့သွားတာတော့ စိတ်မကောင်းစရာပါပဲ”

“ငါ ပြန်သတိရလာမှာပါ”

“မေ့သွားတယ်...ဘာကိုလဲ?” သွမ့်နင်က အမေးရှိလာ၏။

သို့‌သော် ဘယ်သူမှ ပြန်မဖြေ။

မင်စီယန်းက ဟိုဟိုဒီဒီအကြည့်လွှဲလိုက်ကာ တစ်ချက်ရယ်ရင်း သွမ့်နင်ကို ပြန်ဖို့ အစီအစဉ်ရှိရဲ့လားဟု မေးပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

ရှဝမ်နန်က ထိုနှစ်ယောက်ပြောတာတွေကို စိတ်မဝင်စားပေ။ ကိုယ်တစ်ချက်ဆန့်၍ ထောင့်နား၌ထိုင်နေသည့် မင်စီချန်းကို လှမ်းကြည့်လိုက်၏။ ထိုကောင်လေးနံဘေးမှာ အန်တီကျန်းရှိနေကာ တစ်ညနေခင်းလုံး အစာဝင်အောင် ချော့‌ကျွေးနေရပုံပင်။

အန်တီကျန်းက ဝက်သားတစ်ဖတ်ကို မင်စီချန်းအား ခွံ့ကျွေးနေသော်လည်း မင်စီချန်းက ခေါင်းတွင်တွင်ခါလျက် စားချင်ပုံမပေါ်ပေ။

“အိပ်ရာဝင်တော့မလား”

အန်တီကျန်း မေးသော်လည်း ကောင်လေးက မဖြေပါ။

One-way Passage || ဘာသာပြန်Where stories live. Discover now