42

312 55 1
                                    

[Unicode]

“ငါ့ကို ညာမနေနဲ့!”

ရှဝမ်နန် မခံစားနိုင်တော့သဖြင့် ပွင့်ထွက်မိသည်။

မင်လုချွမ်းက နှုတ်ဆိတ်သွားခဲ့ကာ ပက်လက်လှန် လှဲလိုက်ရင်း အမှောင်ထဲမှ မျက်နှာကြက်ကို စိုက်ကြည့်ပြီး

“မင်း နောက်ဆုံးတစ်ခေါက် therapy ယူတာ ဘယ်လိုနေလဲ”

ရုတ်တရက်ကြီး စကားလမ်းကြောင်းပြောင်းသွားတာမို့ ရှဝမ်နန် နားလည်နိုင်စွမ်းက ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ရပြီ။

“ဘာကို”

“မင်း လွန်ခဲ့တဲ့နှစ်ရက်ကမှ ကုထုံးကို နောက်ဆုံးတစ်ခေါက် ခံယူထားတာလေ၊ ကိုယ့်ဘာသာ သွားခဲ့တာမလား”

“ဪ”

ဆိုလိုရင်းကို သူ သဘောပေါက်သွားသည်-

“ဘာမှ မထူးခြားသေးဘူး၊ ဆရာဝန်က ဆက်လုပ်ဖို့ပဲ ပြောတယ်”

“မင်း ဘာတစ်ခုမှ မမှတ်မိသေးဘူးပေါ့”

ရှဝမ်နန် ခေါင်းခါပြလိုက်ပြီးမှ မင်လုချွမ်း မမြင်မှာကို စိုး၍

“သတိမရသေးဘူး”

တစ်ခဏအသံတိတ်သွားပြီးနောက် မင်လုချွမ်း ဘာသာ ရေရွတ်လိုက်သည်က

“သိပ်ကြာနေပြီ”

“Mm?”

“တော်တော်ကြာခဲ့ပြီလို့”

ရှဝမ်နန် မှင်သက်သွားရသည်။ သူ ရုတ်တရက် နားလည်လိုက်တာက...မင်လုချွမ်းက သူ အတိတ်မေ့နေတာ အတော်ကြာနေပြီလို့ ပြောနေတာပဲ။ စောင့်နေခဲ့ရတာ အတော်ကြာသည့်အလား  မင်လုချွမ်းအသံက ဘာလုပ်ရမှန်းမသိသလို လမ်းပျောက်မှုမျိုးနှင့်။ ထိုအခိုက်အတန့်မှာ ရှဝမ်နန်လည်း အတွေးတစ်ခုဝင်သွားရပြီ----
သူက မှတ်ဉာဏ်ပျောက်သွားတာမဟုတ်ဘဲ နောက်ထပ် ရှဝမ်နန်ရဲ့ခန္ဓာကိုယ်ထဲကို ကူးပြောင်းသွားတာတော့ မဟုတ်လောက်ပါဘူးနော်။ အဲဒီသူမှာက မင်လုချွမ်းနဲ့ဖြတ်သန်းခဲ့တဲ့မှတ်ဉာဏ်တွေ ပိုင်ဆိုင်ထားပြီး မင်လုချွမ်းကို တကယ်ချစ်နေတာမျိုးကော ဖြစ်နိုင်မလား။

ထိုအတွေးကြောင့် သူ ထိတ်လန့်တာရော ဝမ်းနည်းတာကိုပါ ခံစားလိုက်ရ၏။

One-way Passage || ဘာသာပြန်Where stories live. Discover now