[Unicode]
အခန်းထဲမှလေထုသည် ရှေ့လည်းမတိုး နောက်လည်းမဆုတ်ဘဲ တံ့နေသယောင် ထင်ရ၏။
ထိုစကားကို ပြောပြီးနောက် မင်လုချွမ်း မျက်နှာအမူအရာမှာ မိနစ်ပိုင်းမျှ ပျော့ပျောင်းသွားခဲ့သည်။ ထိုသူက ဆိုဖာထက်မှာ ကျောမတ်စွာ ထိုင်နေရင်း မျက်ဝန်းများကမူ ရှဝမ်နန်ဆီ၌ ဝဲလည်နေလျက်။
မင်လုချွမ်းပြောသွားသောစကားကို ရှဝမ်နန်က တွေးတောနေဆဲဖြစ်သည် :
"မင်း ငါ့ကို ညာနေတာမလား"
"ကိုယ်က မင်းကို ဘာလို့ ညာရမှာလဲ"
ရှဝမ်နန် ဘယ်လောက်ပဲ မဟုတ်ပါဘူးလို့ ငြင်းငြင်း ဘယ်သူကမှ ဒီလိုကိစ္စကို လိမ်ညာမပြောဘူးဆိုတာ သဘောပေါက်သွားရ၏။ သူ ခြေထောက်တွေကို စုကျုံ့ကာ ခေါင်းငုံ့၍ ဒူးခေါင်းပေါ် နဖူးအပ်ထားလိုက်မိသည်။ အဘိုးဖြစ်သူ သေသွားပြီဆိုသော သတင်းက သူ့ထံ အကြောင်းကြားခြင်းမရှိ ရောက်လာကာ ဘာတစ်ခုမှပြင်ဆင်ချိန်မပေးဘဲ သူ့ကို ဒက်ခနဲ ထိမှန်စေပြီ။
ဝမ်းနည်းမှုက အကြောက်တရားကို မလွှမ်းမိုးသွားခင် အချိန် တအိအိကုန်သွားခဲ့သည်။
ဖြစ်နိုင်လျှင် ရှဝမ်နန် စောင်ကို မကာ ကုတင်ပေါ်ကနေ ဆင်းပြီး သူ့အဘိုး သက်ရှိထင်ရှားရှိနေဦးမလားဟူသော အတွေးနှင့် အိမ်ကို တန်းပြန်လိုက်ချင်၏။ သို့သော် ထိုသို့မလုပ်နိုင်သေးခင် သူ့မျက်နှာပေါ် မျက်ရည်တသွင်သွင်စီးကျလာခဲ့လျက်။
မင်လုချွမ်း မြင်သွားမည်စိုး၍ သူ မျက်နှာဝှက်ထားကာ အသံတိတ်ငိုနေမိပြီ။
သို့သော် တစ်စက္ကန့်ပင် မခြားလိုက်။
မင်လုချွမ်းက ခုတင်နားသို့လျှောက်လာရင်း သူ့ကျောကို အသာကိုင်လိုက်သည်။ အယ်လ်ဖာ၏ အမူအရာက ဘာမှ မပြောင်းလဲသည့်တိုင်၊ လက်ဖဝါးမှအနွေးဓာတ်သည် ဆေးရုံဝတ်စုံပါးပါးကို ဖြတ်၍ ရှဝမ်နန်၏ကျောထဲထိ စီးဝင်လာသလိုပင်။
ယခုလိုအချိန်မှာ ရှဝမ်နန် ထိုသူ့ကို ရှောင်ဖို့ စိတ်အခြေအနေမရှိပေ။ သူ့မျက်ဝန်းတွေ ပွင့်နေသော်လည်း စိတ်အစဉ်မှာ သူ့အဘိုးကိုပဲ တွေးနေမိသည်။ တက္ကသိုလ်ဒုတိယနှစ် ဆောင်းရာသီအားလပ်ရက်တွင် ရှဝမ်နန် အချိန်ပိုင်းအလုပ်ရခဲ့တာမို့ နှစ်သစ်မတိုင်ခင် အိမ်ကို အပြေး ပြန်ခဲ့မြဲ။ ထိုအချိန်တွေတုန်းကဆို သူ အိမ်ပြန်တိုင်း စောင့်ကြိုနေမည့်အဘိုးဖြစ်သူ ရှိသည်ဟု အမြဲ တွေးခဲ့သော်လည်း...
ESTÁS LEYENDO
One-way Passage || ဘာသာပြန်
Romance[ Alpha×Beta ] * Cover photo credit to original artist. Start Date - 30.4.2024 End Date -