UNICODE
မင်အိမ်တော်သို့ ကားဖြင့်သွား၍ ပါကင်ထိုးပြီးချိန်တွင် မင်လုချွမ်းသည် ကားတံခါးတွန်းဖွင့်ဆင်းသွားကာ လှေကားထစ်တစ်လျှောက် တက်သွားပြီး ဥယျာဉ်သို့ ရှေးရှုသွားသော်လည်း ရှဝမ်နန်ကို တစ်ချက်ပင် လှည့်မကြည့်။
ရှဝမ်နန် ထိုသူ့နောက်ကနေ ၂ မီတာ ၃ မီတာ ခြားလျက် လိုက်နေမိသည်။ ဥယျာဉ်နားသို့ နီးကပ်လာချိန်တွင် ယနေ့ည ဖိတ်ထားသော ဧည့်သည်အားလုံးစုံနေပြီဖြစ်ပြီး မင်ချင့်နှင့် မိသားစုဝင်များလည်း ရှိနေ၏။ စားပွဲခုံတွေ၊ ကုလားထိုင်တွေနှင့် အသားကင်ဖို့ မီးဖိုကို ဥယျာဉ်အလယ်တွင် ချထားကာ တုတ်ထိုးထားသောအသားစုံကိုမူ ထမင်းချက်အန်တီက မီးဖိုချောင်ထဲကနေယူလာပြီး စားပွဲပေါ် ချပေးနေသည်။
မင်လုချွမ်းနှင့် ရှဝမ်နန်က နောက်ဆုံးမှ ရောက်လာခြင်း။
သွမ့်နင်ကို မင်စီယန်း၊ မင်ချင့်တို့နှင့်အတူ ထိုင်လျက် စကားပြောနေသည်အား တွေ့ရသည်။ ယင်ဇယ်ကျင်းကမူ လုဟွိုင်ယယ်နှင့် ကြိုးကွင်းပစ်နည်း ကစားနေလျက်။ ယင်ဇယ်ကျင်းက ခေါင်းမှခြေဖျားအထိ အားကစားဝတ်စုံကို စတိုင်ကျကျဝတ်ထားကာ လုဟွိုင်ယယ်ကတော့ suit ကို ဝတ်ဆင်ထားဆဲဖြစ်ကာ အင်္ကျီလက်အား တံတောင်ဆစ်အထိ ခေါက်တင်ထားလေသည်။
ထိုသူတွေဆီ မင်လုချွမ်း လျှောက်သွားသည်ကို ရှဝမ်နန် ကြည့်နေရင်း ရုတ်တရက်ရပ်သွားရသည်။ ဟိုနေ့ နေ့လယ်တုန်းက ကန်တင်းမှာ ချန်းဝမ်ချူ ပြောပြခဲ့သော အယ်လ်ဖာနှင့် အိုမီဂါ သဘာဝများကို သူ ရုတ်တရက် တွေးမိသွား၍ပင်။ ရှဝမ်နန်က ထူးထူးခြားခြားကြံ့ခိုင်သော ဘီတာတစ်ဦးဖြစ်ပေမယ့် ဘယ်လိုပဲပြောပြော သူက ဘီတာတစ်ဦးပဲဖြစ်သည်။ အယ်လ်ဖာနှင့် အိုမီဂါအရေအတွက်နည်းသော မြို့ငယ်၌ မွေးဖွားကြီးပြင်းလာသော ရှဝမ်နန်အဖို့ သူ အရင်းနှီးဆုံးအယ်လ်ဖာများက အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းမှ အဖော်များလောက်သာ။
ချန်းဝမ်ချူ ပြောသမျှကို ရှဝမ်နန် စိတ်ထဲ မထားခဲ့သော်ငြား ဖြစ်ချင်တော့ ဒီနေရာ ဒီမိသားစုထဲမှာ သူ့ဖြစ်တည်မှုက ထူးခြားနေသလိုပင်။ အဲ့လို တပ်အပ်ပြောလို့လည်း မရပါ။ ဒီကမ္ဘာမှာ အယ်လ်ဖာနှင့် အိုမီဂါများကသာ ထူးခြားသည့်ဖြစ်တည်မှု ရှိပြီး ဘီတာများကမူ အသိုင်းအဝိုင်းထဲတွင် ခါးကျိုးအောင် အလုပ်လုပ်မည့် ပျားတွေသဖွယ် အုပ်စုလိုက် သတ်မှတ်ခံထားရခြင်းဖြစ်သည်။
YOU ARE READING
One-way Passage || ဘာသာပြန်
Romance[ Alpha×Beta ] * Cover photo credit to original artist. Start Date - 30.4.2024 End Date -