41

329 50 8
                                    

[Unicode]

ရှဝမ်နန် ဗီလာအပြင်ဘက်ကို ထွက်လာသောအခါ မင်ချင့်နှင့်ကျန်လူများ ဥယျာဉ်ထဲ ပြန်ရောက်နေပြီဖြစ်သော်လည်း ဘယ်သူမှ မထိုင်ကြရသေး။

မင်ချင့်က လက်မြှောက်ကာ ခါးကြောဆန့်လိုက်ရင်း

"ငါ အိပ်ရာဝင်တော့မယ်"

ယင်ဇယ်ကျင်း၏အသွင်အပြင်က တက္ကသိုလ်ကျောင်းသားပီပီ မကုန်မခမ်းနိုင်အောင် တက်ကြွသော အားအင်‌များ ရှိနေပုံရသည်။ အစက ကျန်နေသေးသောအသားများကို ဆက်ကင်ဖို့ ပြင်နေသော်လည်း မင်ချင့်၏စကားကို ကြားလျှင် လက်ထဲမှ ညှပ်ကို ချထားလိုက်ပြီး

"ဒါဆိုလည်း အိပ်ရာဝင်ကြရအောင်ဗျာ"

လုဟွိုင်ယယ်နှင့် မင်စီယန်းသည်လည်း အတူယှဉ်ရပ်လျက်ရှိပြီး မင်စီယန်းက လုဟွိုင်ယယ်နားနားကို ကပ်ကာ တစ်ခုခုပြောနေပုံပင်။ ပြန်ခါနီး Goodnight တွေဘာတွေ ပြောနေတာဖြစ်လိမ့်မည်။

ရှဝမ်နန်က မင်လုချွမ်းနောက်ကျောကို တိတ်တိတ်လေး ချဉ်းကပ်သွားရင်း အနားသို့ တမင်တိုးကပ်သွားပြီး "ဟေး!"ဟု လှန့်လိုက်လေသည်။

ခေါင်းလှည့်လာသော မင်လုချွမ်းက သူ့ကို အေးတိအေးစက်အကြည့်တစ်ချက် ပေးရုံသာ။ မင်လုချွမ်းကို လန့်သွားအောင် မခြောက်နိုင်သဖြင့် ရှဝမ်နန် နည်းနည်းလေး စိတ်ပျက်သွားရ၏။

"ငါတို့လည်း သွားကြစို့" သူ ကိုယ့်ဘာသာ ရေရွတ်မိပြီ။

မင်လုချွမ်း ဘာမှ မပြောရသေးခင် မင်ချင့်က မျက်နှာအပြုံးသားနှင့် သူတို့ဘက် လှည့်လာပြီး

"မင်းတို့အခန်းကို သန့်ရှင်းရေးလုပ်ထားပြီးပြီ၊ မနက်ဖြန် ပိတ်ရက်ဆိုတော့ အလုပ်လည်း သွားစရာမလိုဘူးပဲ၊ မနက်ပိုင်း ပြန်ဖို့ အလျင်မလိုကြနဲ့ဦး"

ရှဝမ်နန် ဘာမှမပြောဘဲ မင်လုချွမ်းကို ကြည့်လိုက်တော့ ထိုသူက တစ်လုံးပဲ ပြန်ဖြေသည်။

"အင်း"

အားလျော့သွားရသော်ငြား ရှဝမ်နန် နာခံစွာပဲ မင်လုချွမ်းနောက်ကို လိုက်ရင်း ဒုတိယထပ်က အိပ်ခန်းဆီ ရောက်လာခဲ့သည်။

One-way Passage || ဘာသာပြန်Where stories live. Discover now