32

378 65 9
                                    

UNICODE

“မင်လုချွမ်း”

မင်လုချွမ်း၏ စားပွဲရှေ့၌ ရှဝမ်နန် ရပ်လိုက်သည်။

သူ အခန်းထဲ ဝင်လာကတည်းက မင်လုချွမ်း သိလိုက်သော်လည်း ယခုမှ အမှတ်တမဲ့ မော့ကြည့်ပြီး တစ်ခဏလောက် နှုတ်ဆိတ်ငေးမောသွားခဲ့ရသည်။

မင်လုချွမ်း မှတ်မိသလောက် ရှဝမ်နန်ကို ယခုလို သားသားနားနားပုံစံဖြင့် မမြင်ရသည်မှာ အတော်ကြာခဲ့ပြီ။ ဆေးရုံက နိုးလာကတည်းက ရှဝမ်နန်ဟာ တီရှပ်နှင့် ဘောင်းဘီတိုများကိုပဲ တွင်တွင်ဝတ်နေခဲ့ပြီး၊ ဆံပင်ကိုလည်း သေသေသပ်သပ် ပြင်ဆင်ထားခြင်းမရှိသည်မို့ ယခုလောက် အနုစိတ်ပုံသွင်းကာ ကြည့်ကောင်းမနေခဲ့။

နေ့လယ်တုန်းက ရွှီဖုန်းသည် ရှဝမ်နန်ကို အဖော်လိုက်ပေးပြီး ဆံပင်ကိုလည်း သေသေသပ်သပ်ဖြစ်အောင် ပြင်ကာ ကိုယ်တိုင်းနှင့်ကွက်တိ suit ကိုလည်း လဲဝတ်စေခဲ့၏။ ရှဝမ်နန် စတိုင်လ် လုံးဝပြောင်းလဲသွားရခြင်းက Suit ကြောင့် ဖြစ်မည်။ ဖြောင့်မတ်သော ကျောပြင်ကို ထင်ရှားစေကာ ဗရုတ်သုတ်ခ တက္ကသိုလ်ကျောင်းသားအငွေ့အသက်လည်း ပျောက်ကွယ်သွားပြီး ကျော့ရှင်းခံ့ညားသော လူရွယ်တစ်ဦးအသွင် ပေါ်လာခဲ့သည်။

ဘီတာတစ်ဦးဖြစ်ပေမယ့် ရှဝမ်နန်က သာမန်ဆိုတာထက်ပိုပြီး အများကြီး ကြည့်ကောင်းသူ။ မျက်လုံးတောက်တောက်၊ နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းထောင့်စွန်းတို့မှာလည်း သူ ပြုံးမနေရင်တောင် အနည်းငယ် ကွေးညွတ်နေသယောင် ထင်ရသည်။ အားကစားလုပ်ရတာ ဝါသနာပါသူ မဟုတ်သဖြင့် ကြွက်သားများများစားစား မရှိသော်လည်း လေတိုက်လျှင်ပင် ‌လဲမည့်ပုံစံမျိုး မဟုတ်‌ပါ။ ထိုအစား ခန္ဓာကိုယ်အချိုးအစားပြေပြေပြစ်ပြစ်နှင့် သွယ်သွယ်လျလျရှိသည်မို့ ideal type ပင်။

ရှဝမ်နန်က ခပ်ဖျော့ဖျော့ပြုံးလျက် မင်လုချွမ်းကို မေးလိုက်သည်။

“ငါ ဘယ်လိုနေလဲ”

မင်လုချွမ်း မှီထိုင်လိုက်သဖြင့် ကုလားထိုင်အနောက်ဘက်က သိမ့်ခနဲ-

“အဆင်‌ပြေတယ်၊ မင်းအရင်တုန်းက ပုံစံနဲ့ ဆင်သွားပြီ”

ရုတ်တရက် သိချင်စိတ်ဖြစ်သွားသည်မို့ ရှဝမ်နန် အရှေ့ကို ကိုင်းကာ စားပွဲခုံပေါ် မှီလိုက်ရင်း

One-way Passage || ဘာသာပြန်Where stories live. Discover now