33

388 63 3
                                    

UNICODE

တစ်ကိုယ်လုံးဖြူဆွတ်နေသည့် သွမ့်နင်က ခပ်ရေးရေးအပြုံးနှင့်အတူ သူတို့ရှေ့မှာ ရပ်လာခဲ့သည်။

“မတွေ့တာ ကြာပြီနော်”

ရှဝမ်နန် သွမ့်နင်ကို တစ်ခါမှ မဆုံဖူးသေးပါ။ သို့အတွက် သူ အတိတ်တုန်းက ထိုကောင်လေးနှင့် သိကျွမ်းခဲ့သလား အတပ်မပြောနိုင်တာမို့ မင်လုချွမ်းဘက် လှည့်ကြည့်လိုက်သည်။

မင်လုချွမ်းကမူ မှင်သေသေမျက်နှာနှင့်သာ သွမ့်နင်ကို ခေါင်းတစ်ချက်ညိတ်ပြပြီး

“မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ”

“အရင်အပတ်က”

သွမ့်နင်က ဖြေသည်။

“ငါ စီယန်းနဲ့တော့ အဆက်အသွယ်ရတယ်၊ သူ မင်းကို မပြောဘူးလား”

မင်လုချွမ်း : “မပြောဘူး”

သွမ့်နင်နောက်က လိုက်ပါလာသည့် ဟော့ယွီဖုန်းသည်လည်း သူတို့အနားသို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုသူက မင်လုချွမ်းကို ပြုံးပြကာ

“ဥက္ကဌမင်”ဟု ခေါ်လိုက်ပြီးမှ ရှဝမ်နန်ဘက်သို့ လှည့်လာ၏။

ရှဝမ်နန် ဟော့ယွီဖုန်းကို တက္ကသိုလ်ပထမနှစ်မှာ စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သူ့ထက် ၂ နှစ်ပိုကြီးသော စီနီယာ ဟော့ယွီဖုန်းက ထိုစဉ်က တတိယနှစ်ကျောင်းသား။ ဟော့ယွီဖုန်းက ကျောင်းသားသမဂ္ဂခေါင်းဆောင်မို့ သူတို့မဟာတန်းမှာ အရှိန်အဝါရှိသူတစ်ဦးဖြစ်ခဲ့သည်။ သို့တိုင် ဟော့ယွီဖုန်းက အယ်လ်ဖာဖြစ်ပြီး ရှဝမ်နန်ကမူ အသစ်ဝင်လာသော ပထမနှစ်ကျောင်းသားမို့ သူတို့နှစ်ယောက် တွေ့ဆုံရင်းနှီးစရာအကြောင်းမရှိ။ လူသစ်များအပေါ် ဟော့ယွီဖုန်း အာရုံစိုက်သည်ဆိုလျှင်တောင် ရှဝမ်နန်ကိုတော့ သတိထားမိမည် မထင်။

သို့သော် လောလောဆယ် ရှဝမ်နန်ကို ကြည့်လာသည့် ဟော့ယွီဖုန်း၏အကြည့်က နူးညံ့နေလျက်-

“ဝမ်နန်၊ မင်း ကားအက်စီးဒင့်ဖြစ်တယ်လို့ ကြားတယ်”

ဟော့ယွီဖုန်းက ဆိုသည်။

“ဘာမှ ဒဏ်ရာကြီးကြီးမားမားမရဘူးမလား”

“မရပါဘူး”

One-way Passage || ဘာသာပြန်Where stories live. Discover now