20

418 75 5
                                    

[Unicode]

ဝှီးလ်ချဲပေါ်က လူငယ်လေးကို အစက တကယ်ကြီး မင်စီယန်းဖြစ်မည်ဟု ရှဝမ်နန် ထင်ခဲ့သော်လည်း သူ ကြည့်နေရင်းမှာပင် မင်ချင့်က ထိုလူငယ်လေးဆီ လျှောက်သွားပြီး

“ချန်းချန်း၊ သား ဒီမှာ ဘာလုပ်နေတာလဲ”တဲ့။

ထိုလူငယ်လေးကို နောက်တစ်ကြိမ် ထပ်ပြီး စေ့စေ့စပ်စပ်ကြည့်လိုက်တော့မှ မျက်နှာက မင်စီယန်းနှင့် ချွတ်စွပ်တူသော်လည်း ထိုကောင်လေးက မင်စီယန်းထက် ပိုပိန်ပြီး ညိုးညိုးငယ်ငယ်နှင့် လူမမာရုပ်ပေါက်နေသည်။

ရှဝမ်နန် ဝှီးလ်ချဲပေါ်မှကောင်လေးကို ကြည့်နေတော့ ထိုကောင်လေးကလည်း သူ့ကို သိချင်စိတ်ပြင်းပြသလို ပြန်ကြည့်လာ၏။ ဘေးနားကို မင်ချင့်ရောက်လာရာတွင် ထိုကောင်လေးက ခေါင်းမော့ကြည့်လိုက်လေရာ ကလေးလိုမျိုး အပြစ်ကင်းသည့်အမူအရာလေးနှင့်။

“ဟေး”
ရှဝမ်နန် မင်လုချွမ်းကို ခပ်တိုးတိုးခေါ်လိုက်သည်။

မင်လုချွမ်းက အချိန်ကိုက်ပဲ ထုတ်ပြောလာ၏။

“သူက ကိုယ့်ညီလေး မင်စီချန်း”

ကိုယ့်နာမည်ကို ခေါ်တာ ကြားလို့ထင့်။ မင်စီချန်းက သူတို့ဆီ လှမ်းကြည့်သည်။ ရှဝမ်နန်နှင့် မျက်လုံးချင်းဆုံသွားတော့ မင်စီယန်းက နည်းနည်း ပျာယီးပျာယာဖြစ်သွားပုံနှင့် အကြည့်လွှဲသွား၏။ ထို့နောက် မင်ချင့်ကို ကြည့်လိုက်ပြန်ကာ

“ပါး”

အသံလေးက ခပ်တိုးတိုးနှင့် စကားပြောဆိုပုံမှာ လူကြီးတစ်ယောက်နှင့်ကို မတူ။

“အန်တီကျန်း” ဟု မင်ချင့်က ကော်ရစ်ဒါဘက်ကို လှမ်းအော်လိုက်သည်။

ထို့နောက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ကော်ရစ်ဒါကနေ ထွက်ပေါ်လာကာ သူမက ပခုံးလောက်ရှည်သော ဆံပင်ကို သေသပ်စွာ အထုံး‌ငယ်ဖြစ်အောင် ထုံးထားလေသည်။ မင်စီချန်းဆီ လျှောက်လာပြီး ဝှီးလ်ချဲအနောက်တွင် နေရာယူလိုက်ရင်း အနားသို့ ငုံ့ကိုင်းလာပြီး ဆို၏-

“ရှောင်ချန်း၊ သား ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် ထွက်လာတာလဲ”

One-way Passage || ဘာသာပြန်Tempat cerita menjadi hidup. Temukan sekarang