45

152 50 2
                                    

[Unicode]

ရှဝမ်နန် ကိုယ့်အိပ်ခန်းထဲမှာကိုယ် စာအုပ်တစ်အုပ်ဖတ်နေမိသည်။ ပျင်းရိပျင်းတွဲဟန်ပန်နှင့် ထိုင်နေကာ ကိုယ်ကို တစ်ဖက်သို့စောင်းရင်း ခြေထောက်တစ်ဖက်ကို ကုလားထိုင်ပေါ် မ,တင်ထားသည့်အပြင် စားပွဲခုံပေါ်ကိုလည်း တံတောင်တစ်ဖက်ထောက်ရင်း ထိုအပေါ်မှာ ခေါင်းမှီထားသေး။ ကျန်လက်တစ်ဖက်ကမူ စာရွက်လှန်ရင်း စာလုံးများကို ခပ်သော့သော့ထောက်နေရင်းမှ တစ်ချက်တစ်ချက်ဆိုသလို ဖုန်းမျက်နှာပြင်ကို တောက်၍ အချိန်ကြည့်နေမိသည်။

ညဆယ်နာရီတောင် ရှိနေပြီ၊ မင်လုချွမ်း ပြန်မလာသေးဘူး။

မင်လုချွမ်းသည် တွေ့ဆုံပွဲရှိသည်မှအပ အိမ်ပြန်နောက်ကျဖို့ ခဲယဉ်းသူဖြစ်၏။ သူနှင့် ရှဝမ်နန်က တစ်ယောက်ကိုတစ်ယောက် ကိုယ်ရေးကိုယ်တာ စွက်ဖက်ခြင်းမရှိလေရာ ဒီနေ့ သွားစရာ ဘာပွဲရှိလဲဆိုတာမျိုး ကြိုမမေးကြ။ သို့သော် ယနေ့မှာတော့ ရှဝမ်နန် မင်လုချွမ်းကို တစ်ညနေလုံး စောင့်နေခြင်းဖြစ်သည်။

ည ၁၀ နာရီခွဲလာချိန်မှာ ရှဝမ်နန် စာအုပ်မဖတ်နိုင်လောက်အောင် ငိုက်လာသဖြင့် ဖတ်စာအုပ်ကို ဆတ်ခနဲပိတ်လိုက်ပြီး ဖုန်းအား လှမ်းယူကာ မင်လုချွမ်းဆီ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဖုန်းဆက်နေစဉ် တူတူတူ ဟူသောအသံကို နားစွင့်ရင်း ရှဝမ်နန် နည်းနည်းလေး စိတ်မအေးနိုင်ဖြစ်လာကာ စားပွဲထိပ်ကို လက်နှင့် အသာလေး တောက်နေမိပြီ။ တစ်ဖက်က ဖုန်းကိုင်ကိုင်ချင်း ဆက်သွယ်မှုတစ်ခုလုံးက တိတ်ဆိတ်နေကာ မင်လုချွမ်း၏ ထူးသံကို မကြားရပေ။

ထိုအခြေအနေကြောင့် ရှဝမ်နန် သတိနှင့် အသံထွက်ပြောလိုက်သည်-
"ဟယ်လို"

မင်လုချွမ်းအသံက ချက်ချင်း ထွက်လာ၏။

"ရှဝမ်နန်?"

မင်လုချွမ်းအသံနက်နက်က ကြွပ်ဆတ်နေသလို တစ်ချိန်တည်းမှာပဲ ခပ်လေးလေးဖြစ်နေရာ ထိုသူ့လည်ချောင်းထဲ ပူပြင်းသည့်အရာတစ်ခုခု လျှောဝင်သွားသည့်အလားပင်။ နောက်ခံမှ ဆူညံနေသောအသံပေါင်းစုံကို ကြားရချိန်မှာတော့ ရှဝမ်နန် အခြေအနေကို အမြန် ခန့်မှန်းနိုင်သွားကာ

Você leu todos os capítulos publicados.

⏰ Última atualização: 2 days ago ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

One-way Passage || ဘာသာပြန်Onde histórias criam vida. Descubra agora