UNICODE
မြောက်မြားလှစွာသော ဒေတာနှင့် စာရွက်စာတမ်းများမှာ ရှဝမ်နန်၏ ရုံးခန်းထဲက စားပွဲပေါ်တွင် သောင်တင်နေကာ R&D ဌာနမှ ရီပို့များအပြင် မင်ယန်၏ လတ်တလော ဈေးကွက်တွင်း research လုပ်ထားသည်များလည်း ပါရှိ၏။
တစ်ချက်တစ်ချက်ဆိုသလို မနေ့ညက မင်လုချွမ်းနှင့် စကားပြောခဲ့သောအကြောင်းအရာကို စိတ်ရောက်သွားပြီး အာရုံစုစည်းလို့မရတော့။ မနေ့ညက ရှဝမ်နန် မေးသောမေးခွန်းကို ထိုအမျိုးသားသည် နှုတ်ဆိတ်ခြင်းဖြင့် အဖြေပေးခဲ့သည့်နောက် သူ ဘာပဲထပ်မေးမေး မဖြေတော့ပေ။
ရှဝမ်နန်တွင် မင်လုချွမ်းကို အခက်တွေ့အောင် လုပ်ဖို့ စိတ်ကူးမရှိပါ။ ရင်ဘတ်ပေါ် လက်ယှက်လိုက်ကာ ကားကူရှင်ကို ကျောမှီလျက် သူ ပြောခဲ့သည်။
“မင်း သူ့အပေါ် ခံစားချက်ရှိသေးတယ်ဆိုရင် တည့်တည့်ပဲ သွားပြောလိုက်လေ”
သို့ပေသည့် မင်လုချွမ်းက အေးတိအေးစက် ဆိုလိုက်၏။
“ကိုယ် သူ့အပေါ် ဘာခံစားချက်မှမရှိတော့ဘူး”
ဒရိုင်ဘာမှ ကားကို ပါကင်၌ ရပ်ပြီးချိန်တွင် မင်လုချွမ်းသည် တံခါးဖွင့် ဆင်းသွားကာ နောက်မလှည့်ကြည့်စတမ်း ထွက်သွားခဲ့ပါသည်။
ရှဝမ်နန် စိတ်ရှုပ်ထွေးသွားခဲ့ရ၏။ မင်လုချွမ်း စိတ်ဆိုးသွားမှန်း သူ့မသိစိတ်က သိနေပါသော်လည်း ဘာအတွက်ကြောင့် စိတ်ဆိုးသွားမှန်း မပြောတတ်။
စိတ်တွေ ဟိုရောက်ဒီရောက်နှင့် ရှဝမ်နန် အသိပြန်ကပ်လိုက်ရကာ အရှေ့မှ စာရွက်စာတမ်းကိုသာ အာရုံစူးစိုက်လိုက်တော့သည်။
နေ့မွန်းတည့်ချိန်၌။
တစ်စုံတစ်ဦးက သူ၏ ရုံးခန်းတံခါးကို လာခေါက်ပြီးနောက် သူ တုံ့ပြန်သည်ကိုပင် မစောင့်ဘဲ တံခါးဆွဲဖွင့်၍ ခေါင်းပြူကြည့်လာလေသည်။
“ဝမ်နန်”
မင်စီယန်းက သွားပေါ်အောင် ပြုံးပြနေပြီး ရင်းနှီးကျွမ်းဝင်သော ခေါ်သံနှင့်။
ရှဝမ်နန် မော့ကြည့်လိုက်သည်။
“ဟိုင်း”
YOU ARE READING
One-way Passage || ဘာသာပြန်
Romance[ Alpha×Beta ] * Cover photo credit to original artist. Start Date - 30.4.2024 End Date -