အပိုင်း (၂၄)

131 11 0
                                    

အပိုင်း (၂၄)

ကျောင်းစုံညီပွဲတော်နေ့၏ နံနက်ခင်းအစောမှာတင် စိုင်းရဲဝင်းမောင်နှင့်အတူ သော်ဝေမောင်ပါ ကျောင်းကို အစောကြီး ရောက်နှင့်နေရသည်။ အတန်းခေါင်းဆောင်တွေက ယနေ့နံနက်စောစောမှာ နှစ်တစ်နှစ်ရဲ့ ကျောင်းသားများအား ဆုချမည့်ပစ္စည်းများ ဟောခန်းမထဲ သယ်ပို့နေရခြင်းဖြစ်သည်။ ထို့ကြောင့် သူလည်းလိုက်ပါကာ ကူညီပေးနေရသည်။

မိတ်ကပ်လိမ်းခြယ် ပြင်ဆင်ထားသော ဆရာမများကလည်း ယခင်နေ့များထက် ပိုမိုတက်ကြွကာ ပိုမိုလှပနေကြသည်။ ပေါင်လည်လောက်ထိ ရှည်သော အစိမ်းရောင်ပုဝါကိုယ်စီကို ပုခုံးပေါ်မှ ဝဲကျနေအောင် ဆင်မြန်းထားသည်မှာ ဂုဏ်ကျက်သရေရှိလှသည်။

ပင်မဆောင်ကြီးထက် လော်စပီကာဆီမှ ကျောင်းသီချင်းများ၊ စုံညီပွဲတော်သီချင်းများကို ဖွင့်လွှင့်ထားသည်မှာ ကြားရသူတိုင်း ပျော်သလို မြူးသလို လွမ်းသလိုဖြင့်။ မကြာခင်ပင် အလှကိုယ်စီ၏ ပိုင်ရှင်ကလေးများသည် မိဘတွေလက်တွဲ၍ ကျောင်းဆီသို့ အသီးသီးရောက်လာကြပါသည်။

လင်းထင်းလာသော နေ့ရဲ့ပြယုဒ်နဲ့ အတူပင် ဟောခန်းမကြီးထဲ ဆူညံနေကြသည်မှာ အစီစဉ်တင်ဆက်သူမှ မိုက်ဖြင့် အခန်းအနားစတင်မည်ဖြစ်ကြောင်း ကြေငြာမှပင် ငြိမ်ကြသွားတော့သည်။

"သော်သော် ဗိုက်ဆာနေပြီလား။"

အခုတင်မှ အနားယူရသော စိုင်းရဲဝင်းမောင်က ကျွန်တော့်ခုံနံဘေးနား ကပ်ထိုင်၍ မတိုးမကျယ်သောအသံဖြင့် မေးသည်။ မနက်ခုနှစ်နာရီကတည်းက စိုင်းမောင်လာခေါ်သဖြင့် နံနက်စာပင် မစားခဲ့ရပေ။

"နည်းနည်းဆာပြီ။ မင်းလည်းဆာနေပြီမို့လား။"

ထိုအခါ စိုင်းမောင်က ရီကျဲကျဲမျက်နှာဖြင့် ဗိုက်ကလေးကိုပွတ်ကာ ခေါင်းငြိမ့်ပြသည်။ လူပျိုအရွယ်ရောက်လာသည်နှင့် အသားအရည်ပြောင်းလဲမှုတစ်ချို့ ဖြစ်လာပြီး စိုင်းမောင်၏မျက်နှာမှာ ဝက်ခြံအနည်းငယ်က ဟိုစပ်စပ်ဒီစပ်စပ် နေရာယူထားသည်။  ကျွန်တော်ကတော့ အသားညိုလို့ထင်ပါတယ်။ အခုထက်ထိ မျက်နှာမှာ ဝက်ခြံလည်းတစ်လုံးမှ မပေါက်သေးပေ။

ငယ်ချစ်Where stories live. Discover now