အပိုင်း (၁၅)
သော်ဝေမောင် သူ၏စီးတော်ယာဉ်ဖြင့် နောက်တစ်ကြိမ် ထပ်ရောက်လာသည့် မင်းမူးသီဟအိမ်ရှေ့မှာ ဒီတစ်ခါတော့ တွေဝေမနေတော့ဘဲ လူခေါ်ဘဲလ်ကို တန်း၍တီးလိုက်ပါသည်။ ခြံထဲမှ တရှပ်ရှပ်လှမ်းလာသည့် ခြေသံနှင့်အတူ ခဏကြာတော့ လူဝင်သည့် တံခါးပေါက်အသေးလေးပွင့်လာကာ အထဲမှ အစ်ကိုကြီးတစ်ယောက် ထွက်လာခဲ့သည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူး။"
"ကျွန်တော် မင်းမင်း...မဟုတ်ဘူး မင်းမူးသီဟ သူငယ်ချင်းပါ။ သော်ဝေမောင်လို့ခေါ်ပါတယ်။"
"ဪ ဟုတ်ကဲ့။ အစ်ကိုလေးသူငယ်ချင်းလား။ ဝင်ပါခင်ဗျ။"
"ဟုတ်ကဲ့..."
သော်ဝေမောင် သူ့စက်ဘီးကို ထိန်းတွန်းခဲ့ရင်း လာခေါ်သည့်အစ်ကိုကြီးနောက်မှ ထပ်ကျပ်မခွာလိုက်ခဲ့ပါသည်။ အရင်တစ်ခေါက်နဲ့တောင် မတူဘဲ ပိုပြီးတိတ်ဆိတ်နေသည့် အိမ်ကြီးမှာ ကားရပ်သည့်နေရာ၌ ကားတွေလည်းအပြည့်ပင်ဖြစ်သည်။
"ဒီနေ့ အိမ်မှာဆရာလည်းရှိတယ်။ ဆရာ့ကိုအရင်နှုတ်ဆက်သွားလိုက်အုံးနော် ညီလေး။"
"ဗျာ.. ဆရာက ဘယ်သူလဲဗျ။"
"အစ်ကိုလေးအဖေလေ။ အစ်ကိုလေးသူငယ်ချင်းတိုင်း ဆရာ့ကိုသိကြပါတယ်။"
ကျွန်တော် စက်ဘီးကို အရိပ်ရနိုင်မည့် ပါကင်အစွန်းလေးမှာ ကပ်ရပ်နေရင်း ထိုလူရှိရာဆီကို ပြုံးပြလိုက်သည်။
"ကျွန်တော်က လာနေကျမဟုတ်လို့ပါဗျ။"
"အင်း ရပါတယ်။ အခုတစ်ခါတည်း ဝင်နှုတ်ဆက်သွားလေ။"
ဟုတ်ကဲ့ဟူသော သဘောဖြင့် သော်ဝေမောင် ခေါင်းငြိမ့်ပြလိုက်သော်လည်း ပထမတစ်ခေါက်လာသည်နှင့် မတူတာက သူ့စိတ်တွေလေးကာ ခြေလှမ်းတွေ နှေးနေခြင်းပင်။
အရင်တစ်ခါလာတုန်းက မင်းမူးသီဟ တားသဖြင့် သေချာမကြည့်ခဲ့ရသော ကျွန်းဖြင့်ပြုလုပ်ထားသည့် ခန့်ထည်လွန်းလှသည့် ဧည့်ခန်းကြီးဆီကို ဒီနေ့တော့ တန်းတန်းမတ်မတ် ရောက်ရှိသွားပါသည်။ စားပွဲပေါ်တွင် စာအုပ်တစ်အုပ်ထိုင်ဖတ်နေသည့် လူတစ်ယောက်က ကျွန်တော်တို့ဝင်လာသည့် ခြေသံကြားတော့ စာအုပ်ကိုမျက်နှာအောက် အနည်းငယ်ချကာ လှမ်းကြည့်လာသည်။
VOCÊ ESTÁ LENDO
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018