အပိုင်း (၁၇)
ကျောင်းအားကစားပွဲအတွက် ဆရာ၊ ဆရာမတွေအပြင် အတန်းခေါင်းဆောင်တွေကပါ အစည်းအဝေးသွားတော့ စာသင်ခန်းတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်ကာ အတန်းတွေကို ဟိုခုန်သည်ကူးနှင့် ကျန်ရစ်ခဲ့သည်။ အတန်းတစ်ခုလုံးကို ပတ်ပြီးပြေးနေကြသည့် ကျောင်းသားတွေ၏ ဖိနပ်သံတဒုန်းဒုန်းမှာလည်း နားစည်ထဲဗုံတီးသလိုပင် သံချင်းထပ်နေသည်။ ကျောက်သင်ပုန်းမှာ ကောင်မလေးတွေ၏နာမည်ကို တက်ရေးသည့်အခါ အောက်ကနေ ဖိနပ်နှင့်လှမ်းပေါက်ခံရတာကို ပန်းနဲ့ပေါက်သလို မနာတတ်တဲ့ ခပ်နှောက်နှောက်ကျောင်းသားတစ်ချို့လည်း ရှိပါသေးသည်။ ဆရာမက ဆူညံနေတဲ့သူတွေကို နာမည်မှတ်ထားဖို့ မှာသွားခဲ့သည့် ကျောင်းသူမှာလည်း သူကိုယ်တိုင်ပင် အိပ်ပျော်လို့နေပြီ။
"လွင်မိုးဦးက နန်းလောင်ဝ်ကို ကြိုက်လို့တဲ့။"
ကောင်လေးတစ်သိုက်ရဲ့ တဟားဟားအော်ရီသံနှင့်အတူ "သေချင်လို့လား" ဆိုတဲ့ နန်းလောင်ဝ်ရဲ့ တုန့်ပြန်သံက ဒေါသမပါ။
သော်ဝေမောင်ကတော့ အချိန်အားတုန်းလေး မင်းမူးသီဟ လွတ်သွားတဲ့စာတွေကို ပြန်ကူးပေးနေရင်း အလုပ်ရှုပ်နေ၏။
"ဟေ့ကောင် သီချင်းဆိုရအောင်"
ပုခုံကိုလှမ်းဖက်ကာ ပြောလာတာက ခန့်ကိုကို။ မေးငေါ့ပြရာကြည့်လိုက်တော့ လွင်မိုးတို့အုပ်စုက လာခဲ့ဆိုပြီး လှမ်းပြနေသည်။
"ငါမအားဘူးကွ။ နောက်တစ်ခေါက်မှ။"
"မင်းမင်းဟာတွေ ငါတို့ဝိုင်းကူးပေးမယ်။ မင်းကမှ သီချင်းဆိုကောင်းတာကွ။ လာပါကွာ ထားခဲ့အဲ့စာအုပ်တွေ။"
"ဟာ မရပါဘူးဆို ညနေသွားပေးရမှာ။"
ညနေကျ မင်းမူးသီဟအိမ်သွားပြီး ပြန်ရှင်းပြပေးရမို့ အဲကျမှကူးနေဖို့အချိန်မရှိ။ နှစ်ဝက်စာမေးပွဲက နောက်လဆန်းထဲ ဖြေရတော့မည်။ မင်းမင်းက ကျောင်းပျက်လို့ကောင်းတုန်း။ ပြီးတော့ မင်းသားက ပြောလိုက်သေးတယ်။ မင်းလက်ရေးမှ မဟုတ်ရင် သူများလက်ရေးတွေ ဖတ်ရတာ ခေါင်းကိုက်တယ်တဲ့။ ကူးပေးမယ့် သူကိုတောင် ရွေးလိုက်သေးတာ။ ကျွန်တော်လည်းဘာလို့ ငါပဲရေးပါ့မယ်ဆိုပြီး အာမခံလိုက်လဲ နားမလည်။
YOU ARE READING
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018