အပိုင်း (၉)

4K 331 19
                                    

အပိုင်း (၉)

"သော် ငါ့ကိုဒီဟာရောရှင်းပြဦး။"

တွက်လက်စတစ်ပုဒ်တောင် မပြီးသေးဘူး နောက်တစ်ပုဒ်ကို မျက်စိရှေ့ထိုးပြလာတဲ့ ကျေးဇူးရှင်ကြောင့် သော်ဝေမောင် စိတ်ပေါက်ပေါက်နှင့် ဘောပင်ကိုစာအုပ်ပေါ် ပြစ်ချလိုက်သည်။

"မင်းမင်း မင်းလွန်လွန်းတယ် မထင်ဘူးလား။ အကုန်အကုန် နားမလည်ရအောင် အတန်းချိန်တွေမှာ ဘယ်သွားသေနေတာလဲ။"

"မင်းကိုကြည့်ရင်း သေနေတာလေ။"

ကျွန်တော့်ကိုတောင် တချက်ပင်မကြည့်ပဲ မင်းမင်းက သင်္ချာတွက်နေရင်း ဖြေလာသည်။ ဒီကောင်က စကားပြောရင်း တစ်ချက်တစ်ချက် အဲလိုတွေ ထဖောက်တာ အရေးမကြီးပေမဲ့ သူ့ရဲ့အနှောင့်အသွားမလွတ်တဲ့ စကားတွေကို ကြားတိုင်း ကျွန်တော့်ရင်ထဲ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိအောင် လေးလံသွားရ၏။ ကျွန်တော်လေ ဘယ်လိုတုံ့ပြန်ရမလဲ တကယ်မသိ။

"ငါ့ကိုစိုက်ကြည့်မနေနဲ့။ ရင်ခုန်ရင်လည်းပြော တွဲမယ်။"

သော်ဝေမောင် မျက်စိရှေ့ကနီးရာစာအုပ်နှင့်ပင် မင်းမူးသီဟ၏ခေါင်းကို အုန်းခနဲမြည်အောင် ရိုက်လိုက်ပါသည်။

"စကားကို ပြီးစလွယ် ပေါက်ကရလေးဆယ် ပြောချင်အုံး။"

မင်းမင်းက တစ်ချက်မျှသာ ခေါင်းလေးပွတ်လိုက်ပြီးနောက် နှုတ်ခမ်းလေးမဲ့ပြီး ရီလိုက်၏။ ကျွန်တော့်ကိုတော့ ဘာမှပြန်မလုပ်သလို ဘာမှလည်း ဆက်မပြောလာပါဘူး။ မနက်ကတည်းက ကျွန်တော်တောင်းပန်တာကို လက်ခံမယ်။ ဒါပေမယ့် သူနားမလည်တဲ့စာတွေ သူ့ကိုရှင်းပြမှဟုဆို၍ အခုချိန်ထိ မင်းမင်းအိမ်မှာ ကျွန်တော်သောင်တင်နေခြင်းပင်။ တကယ်ဆို တောင်းပန်တာတောင် လွန်နေပြီကို ဒီကောင်က စျေးကိုင်နေတာ။ မိန်းကလေးသာဆို တကယ်မလွယ်ဘူး။

"သော် ငါ နောက်လထဲ စာစီစာကုံးပြိုင်ပွဲရှိတယ် ကြားထားတယ်။ မင်းပြိုင်မှာမို့လား။"

စာစီစာကုံးဟူ၍ သော်ဝေမောင်မျက်လုံးလေး အရောင်လက်သွားပြီး လက်ထဲကစာအုပ်ကို အောက်ချလိုက်သည်။

ငယ်ချစ်Nơi câu chuyện tồn tại. Hãy khám phá bây giờ