အပိုင်း (၂၂)

116 11 0
                                    

အပိုင်း (၂၂)

လူ့ဘဝတွေဟာ အဝေးကကြည့်ရင် လှပပြီးပြည့်စုံနေတဲ့ ပန်းချီကားတစ်ချပ်နဲ့တူပြီး အနီးကပ်ချဲ့ကြည့်တော့မှ အပြစ်အနာအဆာတစ်ခုချင်းကို အသေးစိတ်မြင်ရတာပဲ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်ဘဝကတော့ အဝေးကပဲကြည့်ကြည့် အနီးကပ်ပဲကြည့်ကြည့် ဒီလိုပုံစံပါပဲ။ ခြောက်ခြားစရာကောင်းလောက်အောင် ကျိုးပဲ့နေတဲ့ အပိုင်းအစတွေကို ပြိုလဲမကျအောင် ကော်နှင့်ကပ်ထားရသည့် ပုံရိပ်တစ်ခုသာဖြစ်သည်။

ဒဏ်ရာဗလပွနဲ့သူ့ကို ဆီးကြိုတာက ပါးရဲ့ ဒေါသအပြည့်နှင့် မျက်နှာဖြစ်ပြီး ထိုအကြည့်တွေမှာ မင်းမူးသီဟဆိုတာ သေးသိမ်လွန်းသည့်မြူလေးတစ်မှုန်လောက်ပင် တန်ဖိုးမရှိတော့ပေ။

မားမားနဲ့ အမှုဖြစ်ချိန်ကတည်းက ပါးက ကျွန်တော့်ကိုစိတ်မချ၍ လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတာကို မေ့သွားခဲ့တာ။ ရန်ဖြစ်လာတဲ့ အကြောင်းအရင်းဟာ ယောကျ်ားတစ်ယောက်ကြောင့်ဆိုတာ သိတော့လည်း အလွန်ဆုံး သူ့ကို ကျောင်းပြောင်းရုံပေါ့။ ဒါပေမယ့် စိုးရိမ်စရာတော့ မလိုပါဘူး။ အခုနေ ကျောင်းပြောင်းဖို့က အရမ်းနောက်ကျနေပြီလေ။

"မင်း ဒီလောက်တောင် ဖြစ်နေရင် ငါ့ဆီမှာ မနေနဲ့တော့။ မင်း အမေနဲ့ သွားနေဖို့သာ ပြင်ထားလိုက်တော့။"

မင်းမူးသီဟ အပေါ်တက်ရန်ပြင်နေတဲ့ သူ့ခြေလှမ်းတွေ ရပ်တန့်သွား၏။

“ပါး… ဘာပြောတာလဲ။”

ဒီတစ်လျှောက်လုံး ကျွန်တော့်ကိုမပေးချင်လို့ မားမားနဲ့ရအောင် ခွဲထားသည့် ပါးက အခုအချိန်ကျမှ အမှုကိုအရှုံးပေးလိုက်ရင်ဆိုသည့် အတွေးဖြင့် မင်းမူးသီဟ တုန်လှုပ်သွားခဲ့သည်။ လှေကားအလယ်လောက်မှ တဖန်ပြန်၍ ပြေးဆင်းလာသော မင်းမူးသီဟ၏မျက်နှာသည် ဂဲဂယက်ထ,သွားသည့် ကန်ငယ်လို လှိုင်းကြပ်ခွပ်တွေ တလှိုက်လှိုက်ဖြင့် တုန်ရီနေပါသည်။

"ပါး အဲ့လိုမလုပ်ပါနဲ့ ကျွန်တော်…"

"မင်းမူးသီဟ"

ဦးမင်းမြတ်သီဟ၏ ဒေါသနှင့်အော်လိုက်သည့်အသံမှာ နှစ်ထပ်အိမ်တစ်ခုလုံး ဟိန်းနေအောင်ထွက်လာသည်။

ငယ်ချစ်Donde viven las historias. Descúbrelo ahora