ညိုမီရဲ့ ၂၀၁၇ မှာရေးခဲ့တဲ့ ပထမဆုံးလက်ရာ၊ ပထမဆုံးဇာတ်အိမ်၊ ပထမဆုံးအချစ်ကလေးတွေကို စာမူပြင်တာ ပြီးသွားပါပြီ။ ရေး... ဟူး!!!
စာအရေးအသားတွေကို အတတ်နိုင်ဆုံး ကောင်းအောင်ပြင်ထားပေမဲ့ လိုအပ်ချက်ဆိုတာ ရှိနေသေးရင် မပြည့်စုံတဲ့ ညိုမီ့ကိုနားလည်ပေးပါနော်။ ❤️
ဒီလိုဇာတ်ကောင်တွေ ဖန်တီးခဲ့တာ အခုတော့သိပ်မဆန်းလောက်ပေမဲ့ ၂၀၁၇ မှာတုန်းကတော့ BL ဆိုရင် ဇာတ်လိုက်နှစ်ယောက် ညားမှကြိုက်ကြတဲ့အပြင် သော်ဝေမောင်လို စိတ်အပြောင်းအလဲဖြစ်သွားတဲ့ ကာရိုက်တာမျိုးကို လက်မခံချင်ကြဘူး။ နားလည်ပါတယ်။
ညိုမီနဲ့ ၂၀၁၄ ကတည်းက LGBTQ ပွဲတွေတက်ပြီး ခင်ခဲ့တဲ့ အမကို ဒီဇာတ်လမ်း ဖတ်ခိုင်းတော့လည်း သူကပြောတယ်။ ညိုမီ့ဟာ အရမ်းလက်တွေ့ဆန်လွန်းတယ်။ မဖတ်ချင်ဘူးတဲ့။ ၂၀၂၄ သာ ရောက်လာတယ်။ သူဖတ်တာ Melody In Summer တစ်ပုဒ်ပဲရှိတယ်။ >< ဒါတောင် ဇွတ်ဖတ်ခိုင်းလို့။ မဖတ်ရင်မတွေ့တော့ဘူးလို့ အကျပ်ကိုင်ထားတာ။ >< ညိုမီ့ဘဝနှယ်!!!
ပြီးတော့ "ငယ်ချစ်"ကို Season 2 ရေးစေချင်တဲ့ စာဖတ်သူတွေရှိခဲ့ပေမဲ့ အရင်ကတော့ ပြဿနာတွေ အရမ်းတက်ခဲ့တာမို့ ညိုမီက မရေးခဲ့ဘူး။ သူငယ်ချင်းကိုပြောပြတော့ သူကလည်း နင့်ကိုစိုင်းမောင်ဖန်တွေ လာလုပ်မှာပေါ့တဲ့။ 🤣🤣🤣 လုပ်ခံရရင် ငါက လက်ပိုက်ကြည့်နေမှာနော်တဲ့။ 🥲🥲🥲
ဒါပေမဲ့လည်း "ငယ်ချစ်"က Season 2 ထပ်လာပါမယ်။ ဒီနာမည်နဲ့ မဟုတ်တော့ပါဘူး။ နာမည်တစ်မျိုးပြောင်းသွားပါမယ်နော်။ ညိုမီ စပြီးတော့ တင်ပြီဆိုတာနဲ့ ပြန်ပြောပါ့မယ်ရှင်။ ❤️❤️❤️
သော်ဝေမောင်၊ မင်းမူးသီဟ၊ စိုင်းရဲဝင်းမောင်အပြင် နောက်ထပ် ဘယ်လိုကာရိုက်တာတွေ ထပ်ပါလာမလဲ။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲတော့ စောင့်ဖတ်ပေးကြပါအုံးလို့ တောင်းဆိုချင်ပါတယ်။ ❤️
ညိုမီကတော့ အရမ်း excited ဖြစ်နေပြီ။ အရွယ်ရောက်ကုန်တဲ့ သားတွေကို ဘယ်လိုပြန်တွေ့ရမလဲ စိတ်လှုပ်ရှား။ ❤️❤️❤️
"ငယ်ချစ်"လေးကို ဖတ်ပေးကြတဲ့ စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်။ အရင်က ညိုမီ့ကို ဒီဝတ္ထုဖတ်ရတာ ပေးရတဲ့အချိန်နဲ့ မတန်ဘူးလို့ လာပြောကြတဲ့သူတွေရှိပေမဲ့ တကယ်လို့ အခုထက်ထိလည်း အဲ့လိုခံစားနေရတယ်ဆိုရင် ညိုမီ့ဘက်က ပေးချင်တဲ့ message ကို ပေါ်လွင်အောင် မရေးနိုင်ခဲ့လို့ တကယ်စိတ်မကောင်းပါဘူး။
Season 2 မှာပြန်တွေ့ကြမယ်နော်။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။ ❤️❤️❤️
ချစ်တဲ့ညိုမီ
၁.၆.၂၀၂၄
..........
YOU ARE READING
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018