အပိုင်း (၁၀)
မျက်စိရှေ့က ပေါင်မုန့်နို့စမ်းကို ကျွန်တော် ခက်ရင်းဖြင့် ထိုးဆွထိုးဆွလုပ်နေမိသည်။ အရင်တစ်ပတ်က ကျောင်းမှာ စိမ်းလန်းစိုပြေရေးနေ့ရှိသဖြင့် တစ်ကျောင်းလုံး ညနေတိုင်း အမှိုက်ကောက်၊ မြက်နှုတ်၊ သစ်ပင်စိုက်ကြရသည်။ ကျွန်တော်က အတန်းခေါင်းဆောင်ဖြစ်သည့် စိုင်းရဲဝင်းမောင်နှင့် အတူသွားအတူလာသည်မို့ တခြားအတန်းဖော်တွေထက် နှစ်ဆပင်ပန်း၏။ စိုင်းမောင် သွားသလိုပဲ ကျောင်းအစောကြီးသွားရပြီး ပြန်တော့လည်း အားလုံးပြီးတော့မှ စိုင်းမောင်နှင့်အတူ ပြန်ရတာမို့ မထူးပါဘူး...ကျွန်တော့်ကိုလည်း တွဲဖက်အတန်းခေါင်းဆောင်သာ ခန့်ထားလိုက်ပါတော့။
သော်ဝေမောင် တစ်ပတ်လုံးလုံး ပင်ပန်းထားတာကို ပိတ်ရက်နှင့်ပေါင်းပြီး နေဖင်ထိုးအောင် အိပ်လိုက်တာ နိုးလာတော့ မနက်စာမကျန်တော့သဖြင့် မေမေ အမြန်လုပ်ပေးသည့် ပေါင်မုန့်နို့ဆမ်းကို မစားချင်စားချင်နှင့် စားနေရသည်။ ကုန်အောင်စားဖို့ အသေအချာမှာသွားသည့် မေမေ့ကြောင့်သာ ကျွန်တော်ကြိတ်မှိတ်စားနေရသော်လည်း ချိုလွန်းတာကြောင့် ထပ်ပြီးစားဝင်တော့သည်မဟုတ်။
"ကလင် ကလင် ကလင်"
ကြားနေကျ စက်ဘီးဘဲလ်တီးသံမှာ ကျွန်တာ့်အိမ်ရှေ့ဆီကဆိုတာ သိပြီးနောက် သော်ဝေမောင် စိတ်မပါစွာ စားနေရတဲ့ ပေါင်မုန့်နို့ဆမ်းကို ပြစ်ထားခဲ့လိုက်သည်။ ပြာပြာသလဲဖြင့် အိမ်ထဲကနေ ပြေးထွက်လာသည့် ကျွန်တော့်ကို မေမေက ဆိုင်ထဲကနေလှမ်းကြည့်ပြီး ဆူပါသော်လည်း ကျွန်တော် မကြားချင်ယောင်ဆောင်လိုက်ပါ၏။ စိုင်းမောင်က မုန့်လိုက်ဝယ်ကျွေးမယ်လို့ ပြောထားတာမို့လား။ တစ်ပတ်လုံး သူ့ကိုကူထားတာမို့ ဒီနေ့ ကျွန်တော်ကြိုက်တဲ့ ဝက်သားဒုတ်ထိုး အဝစားရမှာလေ။
ခြံထဲမှ ပြေးထွက်လာသည့် ကျွန်တော့်ကို စိုင်းမောင်က အိမ်ရှေ့ကနေ ပြုံး၍လှမ်းကြည့်နေသည်။ ဝတ်ထားသည့် အပြာရောင်တီရှပ်လက်ရှည်လေးက နေရောင်အောက်မှာ အရောင်ဟပ်သည့်အခါ အဖြူဘက်သို့အနည်းငယ်သမ်းနေသည်။ ရိုးရှင်းစွာဖြင့် ဂျင်းနက်ပြာရောင်ဘောင်းဘီတိုနှင့် ဖိနပ်အပါးကိုသာ ဝတ်ထားသော်လည်း ရှည်သောအရပ်အမောင်းနှင့် ဖွေးသောအသားအရည်ကြောင့် စိုင်းမောင်က ကျွန်တော့်မျက်လုံးထဲ ထင်းနေပါ၏။
ESTÁS LEYENDO
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018