အပိုင်း (၁၄)
နာရီလက်တံတွေဟာ နှေးကွေးစွာလည်ပတ်နေသလို ပျင်းရိခြောက်သွေ့ဖွယ်ကောင်းသည့် စာသင်ခန်းထဲမှာ သော်ဝေမောင်ထိုင်နေရသော်လည်း ပျံ့လွင့်နေတဲ့စိတ်အစုံကတော့ တခြားစီမှာဖြစ်သည်။ စာသင်နေသည့် ဆရာမစကားသံက သူ့နားထဲကိုဝင်တစ်ချက် မဝင်တစ်ချက်။ အာရုံခြောက်ပါးထဲက သူ့အမြင်အာရုံကတော့ အလယ်တန်း၏ လွတ်နေသည့်နေရာလေးဆီသို့ မမှိတ်မသုန် ကြည့်လို့နေသည်။ ထိုနေရာမှာ လူမရှိဘဲလွတ်နေတာကလည်း ဒီနေ့နဲ့ဆို လေးရက်တောင်ရှိသွားပြီလေ။ သော်ဝေမောင် မျက်ခုံးတွေတွန့်ကာ သက်ပြင်းတစ်ခုကို မသိမသာချ၍ တစ်ဖက်သို့ပြန်လှည့်လိုက်သည်။
"သော်သော် နေမကောင်းဘူးလား။"
ကျွန်တော့်နဖူးပြင်ပေါ် ရောက်လာသည့် လက်ဖဝါးပြင်ရဲ့အထိအတွေ့ဟာ သူ့ပိုင်ရှင်အတိုင်း အမြဲနွေးထွေးပြီး ကျေနပ်ဖို့ကောင်းပါသည်။ သော်ဝေမောင် ဘေးချင်းကပ်က စိုင်းရဲဝင်းမောင်ရှိရာ လှည့်ကြည့်ပြီးနောက် ခေါင်းလေးယမ်းပြကာ ပြုံးပြလိုက်သည်။
"ကိုယ်တော့မပူဘူး။ နေမကောင်းရင်ပြောနော်။"
"အင်း"
အတန်းဆင်းခေါင်းလောင်းတီးပြီးနောက် ဆရာမအခန်းထဲမှ ထွက်သွားသည်နှင့်တပြိုင်နက် သော်ဝေမောင် အနောက်တန်းမှာထိုင်သည့် လွင်မိုးဦးကို လှမ်းခေါ်လိုက်သည်။ ကျွန်တော့်ဘေးမှာ စိုင်းမောင်က ထမင်းချိုင့်တွေကို တစ်ဆင့်ချင်းဖြုတ်နေရင်း ဘာလုပ်မလို့လဲဟု လှမ်းမေးပါသည်။ ကျွန်တော် ဘာမှပြန်မဖြေသည့်အခါမှာတော့ စိုင်းမောင်က သူ့အလုပ်သူ ဆက်လုပ်နေပြီး ထပ်မမေးတော့။
"လွင်မိုးဦး မင်းမင်း ဘာလို့ကျောင်းမလာလဲ သိလား။"
"ငါမသိဘူးရော။ စိုင်းရဲဝင်းမောင်မေးကြည့်လေ။"
"နေမကောင်းလို့တဲ့။ သူ့အဖေကိုယ်တိုင် ခွင့်လာတင်သွားတာ။"
ကျွန်တော့်ထမင်းချိုင့်ကိုပါ ကူဖွင့်ပေးနေသည့် စိုင်းမောင်ဆီမှအဖြေသည် ကျွန်တော်ကြားနိုင်ရုံသာ ခပ်တိုးတိုးပြောလိုက်ခြင်းဖြစ်သည်။ သော်ဝေမောင် ဟုတ်လားဟုသာ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲမှာတော့ မတင်မကျပါပဲ။
VOCÊ ESTÁ LENDO
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018