03

257 32 16
                                    

*ဒုန်း!

"အီဂျဲနို...ထမင်းဝယ်ကျွေး"

နေ့လည်စာ ထမင်းစားချိန် စားပွဲကိုလာကန်ပြီး ဂျစ်ကန်ကန်ပြောနေတဲ့ ဂျယ်မင်းကို ဂျဲနို မော့ကြည့်လိုက်ရသည်။ ဂျယ်မင်းကတော့ စိတ်မရှည်သလို မျက်နှာမျိုးနဲ့ ဘောင်းဘီအိတ်တွေထဲ လက်ထိုးလျှိုထားရင်း ဂျဲနိုကို ငုံ့ကြည့်နေတော့တာ။

လူရှေ့သူရှေ့ဆို ဘယ်တုန်းကမှ စကားမပြောဖူးခဲ့လို့ အခုလို လူတစ်ယောက်စ နှစ်ယောက်စမက ရှိတဲ့အခန်းထဲမှာ ထမင်းဝယ်ကျွေးခိုင်းခံရတာဟာ ဂျဲနိုအတွက်တော့ မဟာစွန့်စားမှုတစ်ခုလိုမျိုး အရမ်းကိုမှ စိတ်လှုပ်ရှားသွားစေတော့သည်။

"ဘာလဲ..မင်းတို့ မဟုတ်မှ...ဂန်ထယ်မူပြောတဲ့ ဂျယ်မင်းကို မုန့်တွေဝယ်ကျွေးနေတယ်ဆိုတာ..ဂျဲ...."

ဟယ်ချန်းရဲ့ ထမင်းပလုတ်ပလောင်းနဲ့ စကားပြောသံက ရုတ်တရက်ထွက်လာတော့ ဂျဲနိုမှာ အလျင်အမြန်ကိုပဲ ပါးစပ်ကို လှမ်းပိတ်ပစ်ရတယ်။ ဘယ်သူမှမသိအောင် တိတ်တိတ်ကလေး ဂရုစိုက်နေရပါတယ်ဆို ဒီလိုမျိုးသာအော်နေရင် ‌'ဂျယ်မင်းကို ကူညီပေးနေတာ ငါပါ'ဆိုပြီး ကြေငြာလိုက်တာနဲ့ ဘာထူးဦးတော့မလဲ။

"အီဂျဲနို...ငါဗိုက်ဆာနေပြီ၊ ငါ့ကို ထမင်းဝယ်ကျွေး!"

"ဟင်..အင်း အခုလား"

ဂျဲနို ယောင်နနနဲ့ ပြန်မော့ကြည့်ပြီး မေးမိတော့ ဂျယ်မင်းက ဟယ်ချန်းရဲ့ပါးစပ်ကို ပိတ်ထားတဲ့ ဂျဲနိုရဲ့လက်ကို တစ်ချက်ကြည့်ရင်း ..

"အင်း အခု"

"ဘာအခုလဲ! မင်း! မင်းဘာသာ ဂန်ထယ်မူဆီမှာ အနိုင်ကျင့်ခံနေရတာကို ဘာလို့ ငါ့သူငယ်ချင်းကိုပါ အဆစ်ပါအောင်လုပ်နေတာလဲ!"

"မင်းနဲ့ဆိုင်လား"

ဂျယ်မင်းရဲ့ ရန်စသံတိုးတိုးကြောင့် ဟယ်ချန်းရဲ့ မျက်လုံးတွေက မှေးကျဉ်းလို့သွားသည်။ ဂျယ်မင်းကတော့ မျက်လုံးလှလှကလေးတွေနဲ့ ‌ဂျစ်ကန်ကန် ဆက်ကြည့်နေရင်းက ဂျဲနိုဘက်ကိုလှည့်လာပြီး...

"ဘာလဲ၊ ဝယ်ကျွေးမှာလား မဝယ်ကျွေးဘူးလား"

"ဟင်..ဝယ်..ဝယ်ကျွေးမှာပါ"

tbh [Complete]Where stories live. Discover now