22

465 28 97
                                    

*ရှူး...

"အာ.. ဘာလုပ်တာလဲ"

ဂျယ်မင်းက စားပွဲမှာထိုင်ပြီး ဖုန်းကြည့်နေတုန်း သူ့ပါးပေါ်ကို ရှူးခနဲမြည်သံထွက်တဲ့အထိ နမ်းလိုက်တဲ့ ဂျဲနိုကြောင့် ရှက်ကိုးရှက်ကန်းနဲ့ တွန်းလွှတ်လိုက်မိ၏။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူတို့နှစ်ယောက် တော်တော်လေးကို နင့်နင့်နဲနဲ နမ်းခဲ့မိလို့ နောက်တစ်ရက် အိပ်ယာနိုးတော့ ဂျယ်မင်းက မျက်နှာပူနေ‌ရတော့သည်။ အိပ်ပျော်သွားကြတာက တကယ်ကို ခဏလေးပဲဆိုပေမဲ့ မနက်နိုးလာတော့လည်း ခေါင်းနောက်နေတာမျိုးမရှိ။ ဂျဲနိုကဆို အိပ်တောင်အိပ်ရဲ့လား။ သူ့ကိုဖက်ထားရင်း နိုးလာတော့လည်း ဂျယ်မင်းကို...

"နိုးနေပြီလား၊ ပြန်အိပ်ဦးလေ၊ ထရမဲ့အချိန်ကျ ငါနှိုးပါ့မယ်"

...လို့ပြောပြီး ပြန်အိပ်ခိုင်းသေး၏။ အိပ်တာက အိပ်ချင်ပေမဲ့ ဂျဲနိုက တစ်လျှောက်လုံး တလှုပ်လှုပ်တရွရွနဲ့ ခဏခဏ သူ့ကိုငုံ့နမ်းနေတော့ ဘယ်မှာအိပ်ရတော့လို့လဲ။

ဂျယ်မင်းက မအိပ်ချင်တော့လို့ အိပ်ယာကနေထပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းဘက်ထွက်လာတော့ ဂျဲနိုက နောက်ကနေ ပြေးလိုက်လာတာမို့ နှစ်ယောက်သား ဘေးချင်းယှဉ်ပြီး ပထမဆုံးအကြိမ် မျက်နှာအတူတူသစ်ဖြစ်ခဲ့ကြ၏။

"ဒီဘက်လှည့်.."

အမြဲတမ်း သတိလက်လွတ်နဲ့ အင်္ကျီလက်တွေကို ခေါက်မတင်ဘဲ မျက်နှာသစ်မိလို့ ‌အင်္ကျီလက်ဖျားတွေ ရေစိုတိုင်း စိတ်ကသိကအောက်ဖြစ်ရပေမဲ့ အခုတော့ အင်္ကျီလက်ကို ရေစိုစရာအကြောင်းမရှိ‌တော့။ ဆပ်ပြာအမြှုပ်တွေကြောင့် မျက်လုံးကို ဖွင့်မရပေမဲ့ ဂျယ်မင်းက လက်တွေကို ဆန့်တန်းပေးထားရင်း ဂျဲနိုဆီက အင်္ကျီလက်ခေါက်ပေးတာကို လက်ခံနေဖြစ်ခဲ့သည်။

ဂျဲနိုမှာတော့ လက်ကောက်ဝတ်အထက်နားအထိ အင်္ကျီလက်ကလေးတွေခေါက်ပေးလိုက်လို့ ပေါ်လာတဲ့ လက်‌ဖျံလုံးလုံးလေးတွေကို တစ်ချက်စီငုံ့နမ်းလိုက်ပြီးမှ လွှတ်ပေးလို့ ဂျယ်မင်းမှာ ကပျာကယာနဲ့ မျက်နှာသစ်ပြီး ဂျဲနိုကို ရန်လုပ်မိမလိုတောင်ဖြစ်သွားရတာ။ သို့ပေမဲ့ ဂျဲနိုက မျက်လုံးလေးတွေ‌ ကွေးနေအောင်‌ ပြုံးနေတော့ သူက အပြစ်တောင်မပြောနိုင်တော့ဘဲ အခန်းဆီကို အရင်ပြန်လာလိုက်ရတာလေ။

tbh [Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ