11

307 28 18
                                    

မနက်ကတည်းက ဂျဲနို မပျော်တော့။ အိပ်ယာနိုးတာ ကြာပြီဖြစ်ပေမဲ့ မထနိုင်သေးဘဲ လူးလှိမ့်နေရင်း မနက်ခင်းတစ်ခုလုံးကို ဖြုန်းတီးပစ်နေမိရသည်။

ဂျယ်မင်းက ဘာဖြစ်လို့ သူနဲ့ဟယ်ချန်းကို အရမ်းသဝန်တိုရတာတဲ့လဲ။ သူနဲ့ဟယ်ချန်းက သာမန်သူငယ်ချင်းလေးတွေပါပဲဆိုတာ ဂျယ်မင်းသိအောင် သူ ဘယ်လိုပြောပြရပါ့မလဲ။ တကယ်လို့ သူက အဲ့လိုမျိုး ဖြောင့်ချက်တွေပေးရင်တော့ ဂျယ်မင်းက စိတ်ဆိုးပြေသွားမှာလား။

မေးခွန်းပေါင်းများစွာကို တစ်ယောက်တည်းမေး တစ်ယောက်တည်းဖြေနဲ့ စိတ်တွေရှုပ်လာတော့ ဂျဲနိုက အိပ်ယာထဲမှာ တွန်းထိုးရုန်းကန်ပစ်လိုက်မိရတော့သည်။ ဒဏ်ရာတွေက မသက်သာသေးတာတော့မဟုတ်ပေမဲ့ တစ်ချက်တစ်ချက် နာနေသေးဆဲ။

ဒီရက်ပိုင်းတော့ ဂျဲနိုက မေမေနဲ့ လုံးဝကို မျက်နှာချင်းမဆိုင်ဖြစ်တော့တာပင်။ သူက တစ်ချိန်လုံး လိမ္မာလာခဲ့တာမို့ ဒီလိုအပြုအမူတွေက မေမေ့အတွက် သည်းခံနိုင်စရာအကြောင်းမရှိလောက်လို့ မေမေကလည်း ဂျဲနိုကို တစ်ချက်မှလာမခေါ်ခဲ့။

ခေါင်းမာတတ်တဲ့သူချင်းမို့ အဆင်ပြေဖို့လမ်းစမရှိလည်း ဂျဲနိုက အခန်းထဲကနေ အခန်းပြင်မထွက်၊ အဒေါ်ကြီးချက်ကျွေးတာလေးစားလိုက်၊ အသီးတွေပဲ တစ်ချိန်လုံးစားလိုက်၊ ညဉ့်နက်သန်းခေါင် ဗိုက်ဆာလာရင် ခေါက်ဆွဲပြုတ်စားလိုက်နဲ့ ဂျစ်တိုက်နေမိတော့တာ။

ဖုန်းကို မေမေသိမ်းထားတော့ ဂျဲနိုက ဖေဖေနဲ့လည်း အဆက်အသွယ်မရတော့။ ဒီလိုဖြစ်နေရင်တော့ ဖေဖေနဲ့မေမေလည်း စကားပြောဖြစ်ကြရင်း ဂျဲနိုရဲ့ ကလန်ကဆန်အကျင့်တွေ၊ ရန်ဖြစ်တဲ့အကြောင်းတွေကို ဖေဖေတစ်ယောက် သိနှင့်ပြီးလောက်ပြီ။

မေမေနဲ့စာရင် ဖေဖေက ဂျဲနိုအပေါ် ပိုကြင်နာတတ်ပေမဲ့ များသောအားဖြင့် ဖေဖေက အိမ်မှာမရှိတတ်လို့ ဂျဲနိုရဲ့ကိစ္စဟူသမျှ မေမေကပဲ ဒိုင်ခံဖြေရှင်းပေးရတတ်တာလေ။ အခုတစ်လော ဖြစ်ပျက်နေတာတွေကိုလည်း မေမေပဲ ဖြေရှင်းပေးမယ်ဆိုတာ ဂျဲနိုသိပါသည်။

ဥပမာ ဂန်ထယ်မူရဲ့အမေက ကျောင်းမှာ ဂျဲနိုကိုလာရှာလို့ မေမေက ဆရာမတွေနဲ့ မျက်နှာချင်းဆိုင် လျော်ကြေးကိစ္စဘာညာတွေ ရှင်းပေးလိုက်တယ်ဆိုတာမျိုးပေါ့။ အဲ့ဒီအကြောင်းကိုတော့ ဂျဲနိုက ဟယ်ချန်းဆီက ပြန်ကြားရတာပါ။

tbh [Complete]Where stories live. Discover now