"အဲ့ဒီတော့... ရှာတွေ့ခဲ့ပြီလား"
ဂျဲနိုက မျက်ခုံးတွေကို ဖျစ်ညှစ်ထားရင်း ခပ်တိုးတိုးမေးလိုက်တော့ မီချောလ်က ခေါင်းငြိမ့်ပြလာ၏။ နောက်ပြီး သူ့လွယ်အိတ်ထဲကနေ hidden camera ထည့်ထားတဲ့အိတ်အကြည်တစ်လုံးကို ထုတ်ပေးလာလို့ ဂျဲနိုက စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေမိတော့တာ။
"ပင်ပန်းသွားပြီ၊ ကျေးဇူးလည်းတင်တယ် တကယ်.."
"... ဂျယ်မင်းနီး.. အဆင်ပြေနေရဲ့လား"
ဂျဲနိုက ခေါင်းခါပြမိ၏။ သေချာစဉ်းစားကြည့်ရင် ဂျယ်မင်းက အဆင်ပြေနေလား အဆင်မပြေနေလားကို သူကိုယ်တိုင်လည်း မသိတော့ပါဘူး။ အဆင်ပြေချင်ယောင်ဆောင်နေတဲ့ဂျယ်မင်းရဲ့ပုံစံတွေကို ပြန်တွေးမိရင် ဂျဲနိုက ရူးချင်လောက်အောင် စိတ်ညစ်ရတာလေ။
"ရှေ့လျှောက်ရော.. အဆင်ပြေပါ့မလား၊ ညီမ ဂျယ်မင်းကို စိတ်ပူတယ်"
"...."
"အစ်ကို.. ဂျယ်မင်းကို ကာကွယ်နိုင်မှာ သေချာရဲ့လား"
"အင်း ကိုယ် ကြိုးစားနေပါတယ်၊ အတတ်နိုင်ဆုံး အထိမနာအောင်... ဂရုစိုက်နေပါတယ်"
ဂျဲနိုရဲ့အဖြေကြောင့် မီချောလ်ရဲ့ သက်ပြင်းချသံကို ကြားလိုက်ရ၏။ ဘာမှတော့ မပြောလာပေမဲ့ လက်ရှိလုပ်နေတဲ့ကိစ္စကို ဆက်မလုပ်စေချင်မှန်း သိသာနေတာလေ။ ဒါပေမဲ့ ဂျဲနိုက ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာမဟုတ်မှန်းကိုလည်း သိနေတာမို့ မီချောလ်က ဘာမှတော့ ဆက်မပြောလာဘူး။
"အခု ဂျယ်မင်းက အစ်ကို့အိမ်မှာလား"
"အင်း"
"အဆင်ပြေသွားပြီလား"
ဂျဲနိုက ဘာပြန်ဖြေရမလဲမသိတော့။ အဆင်ပြေတာလားဆိုတော့ ပြေတယ်လည်းမဟုတ်ဘူး။ အဆင်မပြေတာလားဆိုတော့လည်း မဟုတ်ပြန်တဲ့ အခြေအနေကို ပြန်တွေးမိတော့ သက်ပြင်းကိုပဲ ချလိုက်မိတယ်။ နောက်တော့...
"ကုမ္ပဏီကို ပြန်သွားရဦးမယ်"
"ညီမရောပဲ..၊ အလုပ်တွေရှုပ်နေတာနဲ့ ထင်သလောက် မမြန်ဘူးဖြစ်သွားတာ တကယ်ဆောရီးပါ"
YOU ARE READING
tbh [Complete]
FanfictionNCT DREAM × Fanfiction Ongoing × [ Unicode + Zawgyi ] Start - Jun 03, 2024 [MON] End - ........